ဂျရိုမီ ဘိုတန်

A d v e r t i s e m e n t With Us

January 3, 2020

ဂျရိုမီဘိုတန်ကို ခေါ်ယူရန် ဘိုင်ယန်နှင့် အာဆင်နယ်ဆွေးနွေး

အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဂျရိုမီ ဘိုတန်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးနေပြီလို့ ဂျာမနီကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။  အာဆင်နယ်အသင်းရဲ့ အားထားရတဲ့နောက်ခံလူ ကော်လမ်ချိန်ဘာစ်ဟာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကိုးလလောက်အနားယူရတော့မှာဖြစ်ပါတယ်။  ဒါ့ကြောင့် အာဆင်နယ်နည်းပြသစ် အာတီက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံလူတဦးကို ရှာဖွေရတော့မှာဖြစ်ပါတယ်။  အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့မှာ လိုက်ပစ်ဇ်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ်နောက်ခံလူ ဒါယော့ အူပါ မီကာနိုကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။  အူပါမီကာနိုဟာ အာဆင်နယ်အသင်းရဲ့အပြောင်းအရွေ့ပစ်မှတ်အဖြစ် ဆက်ရှိနေသေးပေမယ့် အသင်းဘက်က ပိုပြီးဈေးသက်သာမဲ့ ဘိုတန်ဘက်ကိုလည်း ထပ်မံကြိုးစားနေတယ်လို့ ဂျာမနီကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။  သတင်းတွေအရ ဂန်းနားအသင်းဟာ ဘိုင်ယန်နဲ့ စတင်ဆွေးနွေးနေပြီဖြစ်ပြီး ဒီဆွေးနွေးမှုသာ အဆင်ပြေခဲ့မယ်ဆိုရင် ဘိုတန်ဟာ  အခုလအတွင်းမှာတင် အာဆင်နယ်အသင်းကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။  အသက် ၃၁ နှစ်အရွယ် ဂျာမနီလက်ရွေစင်အတွက် ဘိုင်ယန်ဘက်က ယူရို ၁၅ သန်းလောက်လိုချင်နေပြီး ဒီဈေးကိုပေးနိုင်ပါက အပြောင်းအရွှေ့က ပေါ်ပေါက်လာနိုင်ဖွယ်ရှိနေပါတယ်။  ဘိုတန်ဟာ အခုရာသီအတွင်း ဘိုင်ယန်မြူးနစ်အတွက် ၁၅ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး သူနေရာဟာ ဘန်ဂျမင် ပါဗတ်၊ ဒေးဗစ်အလာဘာတို့ရဲ့  ခြိမ်းခြောက်မှု နဲ့ရင်ဆိုင်နေရပါတယ်။  အာဆင်နယ်နည်းပြသစ် အာတီတာဟာ ချိန်ဘာစ်ဒဏ်ရာကြောင့် အသင်းနောက်တန်းကို  အားဖြည့်မှုလုပ်ဆောင်မယ်လို့ အတည်ပြုပြောဆိုထားသူဖြစ်ပြီး ဒီအပြောင်းအရွှေ့ ပေါ်ပေါက်လာမလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
1 year Ago
Up