ဂျရတ်

November 5, 2020

ဂျရတ်၏ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို  မိုဆာလာက ၄ နှစ်အတွင်း လိုက်မီ

လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။  ဆာလာဟာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာတစ်ဂိုး သွင်းယူခဲ့ပြီးနောက် လစ်ဗာပူးနဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုး ရှိသွားခဲ့တာပါ။  အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ဟာလည်း သူ့ရဲ့ လီဗာပူးကစားသမားဘဝမှာ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၂၁ဂိုးနဲ့ မှတ်တမ်းတင်ထားတာဖြစ်ပြီ ဆာလာကအသင်းနဲ့ ၄နှစ်ကြာ ကာလအတွင်းမှာပဲ လိုက်မီခဲ့တာပါ။  ဆာလာအနေနဲ့လာမယ့်ပွဲစဉ်မှာ အတ္တလန်တာအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် အမ်ဖီးလ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျရတ်ရဲ့ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။  အတ္တလန်တာနဲ့ပွဲမှာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဥရောပပွဲစဉ်တွေမှာ အင်္ဂလန်ကလပ်တွေက အီတလီကလပ်တွေကို အဝေးကွင်းမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 
6 months Ago

March 26, 2020

ဂျရတ်က လမ်းပတ်၊ ပေါစခိုးလ်တို့ထက် ပိုကောင်းပါတယ် - နိုဘယ်

ပေါစခိုးလ်၊ ဖရန့်လမ်းပတ်တို့ထက် စတီဗင်ဂျရတ်ဟာ နှာတဖျား ပိုသာတယ်လို့ ဝက်စ်ဟမ်း ကွင်းလယ်လူ မက်နိုဘယ်က ပြောပါတယ်။ အင်္ဂလန် လက်ရွေးစင်ကစားသမား ၃ ယောက်ဟာ လီဗာပူး၊ ချဲလ်ဆီးနဲ့   မန်ယူနိုက်တက်အသင်းတို့မှာ အသီးသီး ခြေစွမ်းပြခဲ့သူတွေဖြစ်ပြီး ပရီးမီးယားလိဂ်ကို ဆယ်စုနှစ်တခုကြာ အုပ်စိုးခဲ့တဲ့ ကွင်းလယ်လူတွေလည်း ဖြစ်ပါတယ်။ ဒီကစားသမား ၃ ဦးလုံးရဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်ဟာ သိသိသာသာ ကွဲပြားနေခြင်းမျိုး မရှိပေမယ့် သုံးယောက်ထဲက တဦးကိုသာ ရွေးချယ်ရမယ်ဆိုရင် လီဗာပူးအသင်း ခေါင်းဆောင်ဟောင်းကိုသာ ရွေးချယ်ချင်တယ်လို့ နိုဘယ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းရဲ့ တွစ်တာအကောင့်နဲ့ အမေးအဖြေ အစီစဉ်မှာ နိုဘယ်က “သူတို့သုံးယောက်စလုံးက တကယ့်ကို လျှမ်းလျှမ်းတောက် ကစားသမားတွေပါ။ သူတို့ရဲ့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အထူးကိုခြေစွမ်းပြခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စတီဗင်  ကတော့ ပြီးပြည့်စုံတဲ့ ကစားသမားတဦးပါပဲ” လို့ ပြောပါတယ်။ ကစားသမားဘဝ ရင်ဆိုင်ဖို့ အခက်အခဲဆုံး ပြိုင်ဘက်အဖြစ်လည်း ဂျရတ်ကို နိုဘယ်က ရွေးချယ်ခဲ့ပြီး ကားလို့စ်တီဗက်နဲ့ ဒီမီထရီဘာဘာတော့ဗ်ကိုတော့ တွဲဖက်ကစားလို့ အကောင်းဆုံး ကစားသမားတွေလို့ သတ်မှတ်ခဲ့ပါတယ်။ နိုဘယ်မတိုင်ခင် ဘရာဇီးလ်ဂန္ထဝင် ကစားသမားကာကာကလည်း ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး စခိုးလ်နဲ့ လမ်းပတ်တို့ကို ကျော်ပြီး ဂျရတ်က ပိုကောင်းတယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။  “ဂျရတ်ကို သဘောကျပါတယ်။ ကျနော်တို့ ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ်တွေမှာရင်ဆိုင်ခဲ့ရဖူးပြီး ကျနော် သူ့ကို တကယ်လေးစားပါတယ်။ သေချာတာကတော့ လမ်းပတ်ဟာ အံ့သြသင့်စရာ ကစားသမား ဖြစ်ပြီး စခိုးလ်က တကယ့်ကို ဂန္ထဝင်ဆန်တဲ့ ခြေစွမ်းပိုင်ရှင်ပါ။ ဒါပေမဲ့ ကျနော့်အတွက်ကတော့  ဂျရတ်က ပိုကောင်းပါတယ်။” ဒါပေမဲ့  ပေါ်တူဂီကွင်းလယ်လူဟောင်း ဒေကိုကတော့ အင်္ဂလန်ကွင်းလယ် ဗိုလ်ချုပ် ၃ ယောက် ယှဉ်ပြိုင်မှုမှာ ပေါစခိုးလ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒေကိုဟာ လမ်းပတ်နဲ့အတူ ချဲလ်ဆီးအသင်းမှာ တွဲဖက်ကစားခဲ့ဖူးပြီး ဒီကစားသမားသုံးယောက်ကို ရွေးချယ်ဖို့ဖြစ်ခဲ့ချိန်က သူ့အတွက် ပေါ်စခိုးလ်က အကောင်းဆုံး ကစားသမားလို့ ပြောဆိုခဲ့ပါတယ်။
1 year Ago
Up