လန်ဒန်မြို့မှာ ဒီဇင်ဘာ ၁၄ ရက်က လုပ်ခဲ့တဲ့ မယ်ကမ္ဘာပြိုင်ပွဲမှာ ၂၀၁၉ မယ်ကမ္ဘာသရဖူကို အသက် ၂၃ နှစ်အရွယ် ဂျမေကာနိုင်ငံသူ တိုနီအန်းဆင်းက ရရှိခဲ့ပါတယ်။
မယ်ကမ္ဘာပြိုင်ပွဲမှာ တိုနီဟာ ကွယ်လွန်သူ အဆိုတော် ဝှစ်(တ်)နေဟူစတန်ရဲ့ "I Have Nothing" သီချင်းကို သီဆိုခဲ့ပါတယ်။
၂၀၁၉ မယ်ကမ္ဘာသရဖူ ရရှိသူ တိုနီကို ၂၀၁၈ မယ်ကမ္ဘာဆုရှင် မက္ကဆီကိုမယ်က သရဖူဆောင်းပေးခဲ့ပြီး နိုင်ဂျီးရီးယားမယ်နဲ့ ဘရာဇီးမယ်တို့က သူ့အတွက် ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။
ဖလော်ရီဒါတက္ကသိုလ် ဘွဲ့ရတဦးဖြစ်သူ တိုနီက သူ့မိခင်ဟာ သူ့ကို စိတ်ခွန်အား အပေးဆုံးအမျိုးသမီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၉ မယ်ကမ္ဘာဒုတိယဆုကို ပြင်သစ်အလှမယ်က ရရှိခဲ့ပြီး တတိယဆုကိုတော့ အိန္ဒိယအလှမယ်က ရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago