အထူးအဆင့် ရုပ်သိမ်းထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား အခြေအနေဟာ မပြောပလောက်တဲ့ ဖြစ်ရပ်တချို့က လွဲပြီး တည်ငြိမ်နေတယ်လို့ အိန္ဒိယအကြီးတန်း အရာရှိတဦးက သြဂုတ် ၁၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကလည်း ပိုင်ဆိုင်တယ်ဆိုပြီး ပြောထားတဲ့ ဒေသကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အိန္ဒိယအစိုးရဟာ သြဂုတ် ၁၂ ရက်နေ့မှာ ပြည်နယ်ရဲ့ ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းခွင့်ကို ရုပ်သိမ်းပြီး ဒေသခံမဟုတ်သူတွေကို အိမ်ရာဝယ်ယူခွင့် ပြုခဲ့ပါတယ်။
အိန္ဒိယအစိုးရက ပုန်ကန်မှုတွေ ဖြစ်ပွားခဲ့တဲ့ အဲဒီဒေသကို ဆက်သွယ်ရေးတွေ ဖြတ်တောက်ပြီး နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ ခန့်ကို ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီနောက် များပြားလှတဲ့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချထားပြီး ဒေသခံ အသွားအလာကို တားဆီးခဲ့ပါတယ်။
အကြီးတန်းအရာရှိတဦးက “အခြေအနေတရပ်လုံး ခြုံပြောရရင် တည်ငြိမ်မှုရှိတယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ်။ ဆရီနာဂါ အပါအဝင် ဒေသအတော်များများမှာ တားမြစ်မိန့် ပိုင်းဖြေလျှော့တာတွေ လုပ်ပေးထားပါတယ်။ တချို့နေရာတွေမှာ ဒေသအလိုက် ကွက်ဖြစ်တဲ့ ဖြစ်ရပ်လေးတွေရှိပြီး အဲဒါကိုလည်း ဒေသအဆင့်မှာပဲ ဖြေရှင်းခဲ့ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Zawgyi Version
ဂ်မူးႏွင့္ ကက္ရွ္မီးယား အေျခအေန တည္ၿငိမ္ေနဟု အိႏၵိယအရာရွိ ေျပာ
DVB
အထူးအဆင့္ ႐ုပ္သိမ္းထားတဲ့ ဂ်မူးနဲ႔ ကက္ရွ္မီးယား အေျခအေနဟာ မေျပာပေလာက္တဲ့ ျဖစ္ရပ္တခ်ိဳ႕က လြဲၿပီး တည္ၿငိမ္ေနတယ္လို႔ အိႏိၵယအႀကီးတန္း အရာရွိတဦးက ၾသဂုတ္ ၁၄ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။
အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံကလည္း ပိုင္ဆိုင္တယ္ဆိုၿပီး ေျပာထားတဲ့ ေဒသကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ အိႏိၵယအစိုးရဟာ ၾသဂုတ္ ၁၂ ရက္ေန႔မွာ ျပည္နယ္ရဲ႕ ကိုယ္ပိုင္ဥပေဒ ျပ႒ာန္းခြင့္ကို ႐ုပ္သိမ္းၿပီး ေဒသခံမဟုတ္သူေတြကို အိမ္ရာဝယ္ယူခြင့္ ျပဳခဲ့ပါတယ္။
အိႏိၵယအစိုးရက ပုန္ကန္မႈေတြ ျဖစ္ပြားခဲ့တဲ့ အဲဒီေဒသကို ဆက္သြယ္ေရးေတြ ျဖတ္ေတာက္ၿပီး ႏိုင္ငံေရးနဲ႔ တက္ႂကြလႈပ္ရွားသူ ၅၀၀ ခန္႔ကို ထိန္းသိမ္းခဲ့ပါတယ္။
အဲဒီေနာက္ မ်ားျပားလွတဲ့ ရဲတပ္ဖြဲ႔နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ခ်ထားၿပီး ေဒသခံ အသြားအလာကို တားဆီးခဲ့ပါတယ္။
အႀကီးတန္းအရာရွိတဦးက “အေျခအေနတရပ္လံုး ၿခံဳေျပာရရင္ တည္ၿငိ္မ္မႈရွိတယ္ဆိုတဲ့ သတင္းေတြ ရထားပါတယ္။ ဆရီနာဂါ အပါအဝင္ ေဒသအေတာ္မ်ားမ်ားမွာ တားျမစ္မိန္႔ ပိုင္းေျဖေလွ်ာ့တာေတြ လုပ္ေပးထားပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ေဒသအလိုက္ ကြက္ျဖစ္တဲ့ ျဖစ္ရပ္ေလးေတြရွိၿပီး အဲဒါကိုလည္း ေဒသအဆင့္မွာပဲ ေျဖရွင္းခဲ့ပါတယ္” လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။
2 years Ago