ဂျပန်အနောက်တောင်ပိုင်း

July 9, 2020

ဂျပန်အနောက်တောင်ပိုင်းတွင် ရေကြီးမြေပြို၍ လူဒါဇင်ချီ သေဆုံး

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်အတွင်း ရေကြီး မြေပြို တာတွေကြောင့် လူဒါဇင်ချီ သေဆုံးခဲ့ပါတယ်။  ဇူလိုင်လ ၈ ရက်မှာတော့ ဂျပန်အနောက်တောင်ပိုင်းက ဒေသခံတွေ ရှင်းလင်းရေး လုပ်ငန်း တွေ လုပ်ဆောင်နေကြပါတယ်။ ဟိတိုယိုရှိဒေသမှာ ကုမငါ့ဝါ့မြစ်က ဆိုးဆိုးရွားရွား ရေလျှံခဲ့လို့ မြစ်ကမ်းပါးက အိမ်တွေ ပျက်စီးခဲ့ပါတယ်။ လမ်းတွေပေါ်မှာ အိမ်အပျက်အစီး အပိုင်းအစတွေ တန်းစီနေပြီး ဒေသခံတွေက ရွှံ့တွေ အမှိုက်သရိုက်တွေကို ရှင်းနေကြပါတယ်။ ဇူလိုင် ၈ ရက်အထိ အတည်ပြုချက်အရ ရေကြီးမှုကြောင့် ဟိတိုယိုရှိ ဒေသက လူ ၁၈ ယောက် အပါအဝင် လူ ၅၉ ယောက် သေဆုံးခဲ့သလို လူ ၁၇ ယောက် ပျောက်နေဆဲပါ။  ဂျပန်အလယ်ပိုင်း နာငါ့နိုနဲ့ ဂိဖှုဒေသတွေမှာ လောလောဆယ် မိုးကြီးနေပါတယ်။  ဂျပန်မိုးလေဝသပညာရှင်တွေက ဇူလိုင် ၈ ရက် မနက်ပိုင်းက အဲဒီဒေသမှာ မိုးကြီးမှု အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပေမယ့် နောက်ပိုင်းမှာတော့ သတိပေးချက်အဆင့်ကို ပြန်လျှော့ချခဲ့ပါတယ်။  မြစ်ရေက တက်နေဆဲ ဖြစ်လို့ ဒေသခံတွေ သတိနဲ့ နေကြဖို့ အရာရှိတွေက ဒေသခံတွေကို တပ်လှန့်ထားပါတယ်။
1 year Ago
Up