ဂျပန်အစိုးရ

A d v e r t i s e m e n t With Us

February 25, 2021

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီသစ် ဟန့်တားမည့်အစီအစဉ် ဂျပန်အစိုးရ လုပ်နေ

 ဂျပန်အစိုးရဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသစ်ကို ဟန့်တားဖို့ အစီအစဉ်တွေ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ အဆာဟိ ရှင်းဘွန်း သတင်းစာမှာ ဖော်ပြထားပါတယ်။

အနောက်မဟာမိတ်နိုင်ငံတွေက မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပေါ် နောက်ထပ် အရေးယူဖို့ ခြိမ်းခြောက်နေပြီး ဒဏ်ခတ်မှုအသစ်တွေ ချမှတ်နေချိန်မှာ ဂျပန်က ခုလို စီစဉ်တာလည်း ဖြစ်ပါတယ်။

ဒဏ်ခတ်မှုအဖြစ် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ  (ODA) ကို ဆိုင်းငံ့ဖို့ ဆော်သြချက်တွေကို ဂျပန်အစိုးရဟာ ချုပ်တည်းထားပြီး ဆွေးနွေးပွဲတွေကတဆင့် ဒီမိုကရက်တစ် အဖြေရှာရေးဆီကိုရောက်ဖို့ စစ်ကောင်စီကို ဖျောင်းဖျဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

မူဝါဒ အပြောင်းအလဲ ဖြစ်နိုင်ချေကို လမ်းဖွင့်ထားတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ခတ်စုနိုဘု ခါ့တိုးက ပြောပါတယ်။

“မြန်မာအပေါ် စီးပွားရေး အထောက်အပံ့နဲ့ ပတ်သက်ရင် ကျွန်တော်တို့ဟာ ထင်မြင်ယူဆချက်မပါဘဲ အြခေအနေကို သတိထား စောင့်ကြည့်သွားပြီးမှ နည်းလမ်းတွေကို စဉ်းစားမယ်။” 

မြန်မာနိုင်ငံအတွက် နောက်ထပ် အကူအညီတွေကို ရပ်တံ့ရေး အစိုးရက စဉ်းစားနေတယ်လို့ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒို သတင်းမှာလည်း ဖော်ပြထားပါတယ်။

1 week Ago

October 20, 2020

ဆိုင်ဘာတိုက်ခိုက်မှုများကို ဆန့်ကျင်ရမည်ဟု ဂျပန်အစိုးရ ပြော

ကမ္ဘာက အာရုံစိုက်မယ့် တိုကျို အိုလံပစ်ပွဲတော် အောင်မြင်တာ သေချာစေဖို့ ဆိုင်ဘာတိုက်ခိုက်မှု ဆန့်ကျင်ရေး လုပ်ဆောင်ချက်တွေနဲ့ ဂျပန်ဟာ ရှေ့ဆက်ရလိမ့်မယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ခတ်စုနိုဘုခါတိုက “အန္တရာယ်ရှိတဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို လျစ်လျူရှုမထားနိုင်ဘူး။ ဆိုင်ဘာလုံခြုံရေး လုပ်ဆောင်ချက်တွေက အရေးကြီးတယ်လို့ ကျနော်တို့ ထင်တယ်” လို့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တိုကျို အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ်ပွဲတွေကို နှောင့်ယှက်ဖို့ ကြိုးစားမှု အပါအဝင် ရုရှား စစ်ထောက်လှမ်းရေးတွေ စီစဉ်ညွှန်ကြားတဲ့ အန္တရာယ်ရှိတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဗြိတိန်နဲ့ အမေရိကန်က အောက်တိုဘာ ၁၉ ရက်မှာ ပြောရင်း ပြစ်တင်ရှုတ်ချထားပါတယ်။ တိုကျို အိုလံပစ်ပွဲတော်ကို အခုနှစ်ထဲမှာ ကျင်းပဖို့ ကနဦးက သတ်မှတ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
5 months Ago
More News
Up