ဂျပန်သံအမတ်

A d v e r t i s e m e n t With Us

February 20, 2021

မြန်မာလူထုအသံကို လျစ်လျူမရှုဟု ဂျပန်သံအမတ် ပြော

ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုအသံကို လျစ်လျူမရှုပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောပါတယ်။

ဒီနေ့ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်စစ်ကြောင်းဟာ ဂျပန်သံရုံးကိုသွားပြီး ပြည်သူတွေရဲ့ ကိုယ်စား အိတ်ဖွင့်ပေးစာသွားပေးရာမှာ ပြောခဲ့တာပါ။

“ဒီစာကို ဂျပန်အစိုးရကို အသေအချာ ကျနော်တာဝန်ယူပြီး တင်ပြပါမယ်။ ဂျပန်အစိုးရ အနေနဲ့ မြန်မာပြည်သူလူထုအသံကို လျစ်လျူမရှုပါဘူး။ ကျနော်တို့ တပ်မတော်ကို တောင်းဆိုနေတာက မြန်မာနိုင်ငံတော်ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေအားလုံး ချက်ချင်း ပြန်လွှတ်ဖို့၊ ဘာအခက်အခဲပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုနေပါတယ်။ ဒါက (ဒီတောင်းဆိုချက်က) အပြောင်းအလဲမရှိပါဘူး” လို့ ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အသံကိုမူတည်ပြီး ဆက်ပြီးကြိုးစားမယ်လို့လည်း ပြောပါတယ်။

သပိတ်စစ်ကြောင်းဟာ မြေနီကုန်းမှာ စုရုံးကြပြီးနောက် နတ်မောက်လမ်းက ဂျပန်သံရုံးဆီကို သွားခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့၊ စစ်အာဏာရှင်တွေဆီမှာ ရင်းနှီးမြှုပ်နှံတာမလုပ်ဖို့၊ ဆန္ဒပြပြည်သူတွေကို စစ်အာဏာရှင်တွေက အကြမ်းဖက်တာတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ ရပ်တည်ချက်အကူအညီတွေပေးဖို့ စတာတွေပါဝင်တဲ့ စာကို ပေးခဲ့ပါတယ်။

6 days Ago

December 26, 2019

မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုမရှိဟု ဂျပန်သံအမတ် အခိုင်အမာပြော

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ မရှိဘူးလို့ ဂျပန်နိုင်ငံက အပြည့်အဝ ယုံကြည်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။   မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်(လူမျိုးတုံး သတ်ဖြတ်မှု)ကျူးလွန်ခြင်း မရှိတာကို ဂျပန်နိုင်ငံက အပြည့်အဝယုံကြည်ထားသလို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေနဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ကို မချဖို့ မျှော်လင့်တယ်လို့လည်း ဂျပန်သံအမတ်ကြီးက ပြောပါတယ်။  ရခိုင်ပြည်နယ်အရေးမှာ  ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက် သဘောထားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က  သံအမတ်ကြီးက ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ သတင်းထောက်တွေကို ခေါ်ယူပြောဆိုခဲ့တာပါ။ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ရှုမြင်နေပုံတွေဟာ ဂျပန်နိုင်ငံနဲ့ ကွဲပြားနေပြီး သူ့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးကို  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက်ရင်ဆိုင်ခဲ့တာကိုလည်း ချီးကျူးထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။  မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု မရှိပေမယ့်  လူ့အခွင့်အရေးချိုးဖောက်မှုတွေတော့ ရှိနိုင်ကြောင်းလည်း ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို  မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က စုံစမ်းတွေ့ရှိပါက အရေးယူဖို့  အရေးကြီးကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက တိုက်တွန်းပြောပါတယ်။ ICJမှာ ဘယ်လို ရလဒ်တွေဖြစ်လာဖြစ်လာ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနိုင်တာတွေကို လုပ်ဆောင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောထားတဲ့ အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ တွေ့ရှိရင် အရေးယူမယ်ဆိုတာကို  ဂျပန်အစိုးရအနေနဲ့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့က ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာ၂၃ ရက်က ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး ဂျပန်အစိုးရရဲ့ သဘောထားကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ နေလင်းအောင်
1 year Ago
Up