ဂျပန်လက်ရွေးစင် မီနာမီနိုဟာ အရင်ကထက် ခြေစွမ်း ပိုကောင်းလာပြီလို့ အသင်းဖော် ဂျိမ်းမီလ်နာက ချီးကျူးလိုက်ပါတယ်။
မီနာမီနိုဟာ သြစတြီးယားကလပ်ဆဲလ်ဘက်အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း အရွှေ့ကမှ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာပါ။
ကိုဗစ်-၁၉ကြောင့် ဘောလုံးပွဲစဉ်တွေရပ်နားထားတဲ့အချိန်က မီနာမီနိုအတွက် အကောင်းဆုံး ပြင်ဆင်ချိန်ရခဲ့တာ ဖြစ်နိုင်တယ်လို့ မီလ်နာက သုံးသပ်ပါတယ်။
သူဟာ အသင်းရဲ့လေ့ကျင့်ရေးတွေ ပြန်လည်စတင်ချိန်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာ နိုင်ခဲ့ပြီး ရာသီဝက်ကာလကမှ အသင်းပြောင်းရွှေ့လာသူတဦးအနေနဲ့ ခြေစွမ်းပြဖို့ မလွယ်ကြောင်း မီလ်နာက ပြောပါတယ်။
ဘာသာစကားပြောဆိုမှုမှာ ရာနူန်းပြည့် အဆင်မပြေသေးပေမဲ့ မီနာမီနိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ကွင်းလယ်လူ မီလ်နာက ချီးကျူးခဲ့ပါတယ်။
9 months Ago