ဂျပန်ရဲတပ်ဖွဲ့ ရက်ရက်စက်စက်ပြုမူတာကို ခံခဲ့ရတယ်လို့ ဂျပန်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ နစ်ဆန်းမော်တော်ကားကုမ္ပဏီဥက္ကဋ္ဌဟောင်း ကားလို့ဂွန်းစ်က ဇန်နဝါရီ ၈ ရက် သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ဂွန်းစ်က ဂျပန်ရဲတွေဟာ သူ့ကို ရှေ့နေမပါဘဲ တနေ့ကို ၈ နာရီအထိ စစ်မေးခဲ့ပြိး သူဝန်ခံအောင် ကြိုးပမ်းခဲ့တယ်လို့ပြောခဲ့ပါတယ်။
တရားမဝင် ငွေတွေ လက်ခံမှု စွဲချက်တွေနဲ့ တရားရင်ဆိုင်နေချိန်မှာ ဂွန်းစ်ဟာ ဂျပန်နိုင်ငံကနေ ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ပြေးခဲ့ပြီး အခုအခါ လက်ဘနွန်ကို ရောက်နေပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဂွန်းစ်က သူအနေနဲ့ ဂျပန်နိုင်ငံမှာ ဆက်နေရင် မျှတတဲ့တရားစီရင်မှု ခံရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဂျပန်အစိုးရက ဂွန်းစ်ရဲ့ ပြောကြားချက်ဟာ တဖက်သတ်ဆန်ပြီး ယုံကြည်စရာမရှိဘူးလို့ ဇန်နဝါရီ ၉ ရက်မှာ တုံ့ပြန်လိုက်ပါတယ်။
နစ်ဆန်းကုမ္ပဏီဥက္ကဋ္ဌဟောင်း ကားလို့စ်ဂွန်းက သူ့အနေနဲ့ ဌာနေနိုင်ငံသုံးခုဖြစ်တဲ့ လက်ဘနွန်၊ ပြင်သစ်နဲ့ ဘရာဇီး ဘယ်နိုင်ငံမှာမဆို တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
အဲဒီ သုံးနိုင်ငံစလုံးဟာ ဂျပန်အစိုးရနဲ့ တရားခံလွှဲပြောင်းရေး သဘောတူညီချက် လုပ်မထားဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago