ဂျပန်ရောက်မြန်မာလူငယ်များ

May 23, 2021

ဂျပန်‌ရောက် မြန်မာလူငယ်များ၏ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု

ဂျပန်ရောက် မြန်မာလူငယ်တွေဟာ မေလ ၂၃ ရက်နေ့မှာ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရဲ့ လူစည်ကားရာ ဆာကူရာဂိချော ဘူတာရှေ့မှာ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ နှိပ်စက်မှုတွေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိလာအောင် ဂျပန်ဘာသာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။

‌ဒါအပြင် မြန်မာနိုင်ငံအတွက် အလှူငွေကောက်ခံခဲ့ကြပြီး အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူကို ပြန်လည် လှူဒါန်းပေးသွားမယ်လို့ ဂျပန်ရောက် မြန်မာလူငယ်တွေက ပြောပါတယ်။

6 months Ago

May 22, 2021

မြန်မာ CDM ဝန်ထမ်းများအတွက် တိုကျိုမြို့တွင် ကမ်ပိန်းလုပ်

ဂျပန်ရောက်မြန်မာလူငယ်တွေဟာ တိုကျိုမြို့မှာ မေ ၂၂ ရက်က  အာဏာဖီဆန်ရေးလုပ်နေတဲ့ CDM ဝန်ထမ်းတွေအတွက် လက်ကမ်းစာစောင်ဝေတဲ့ ကမ်ပိန်းကို မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ချိန်ခွဲပြီး ပြုလုပ်ခဲ့ပါတယ်။

အာကဘာနီဘူတာ၊ မြောက်ဘက်ဝင်ပေါက် (Akabane station , North Exit) အနီးမှာ စစ်အာဏာရှင်ကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂျပန်နိုင်ငံနဲ့ တစ်ကမ္ဘာလုံးက ပိုပြီးသိနိုင်အောင် လူငယ်တွေက  ကြိုးစားခဲ့တာပါ။

မြန်မာနိုင်ငံက CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေကောက်ခံ တာတွေလည်း လုပ်ခဲ့ပြီး ခိုင်မာတဲ့ ရင်းမြစ်တွေကို ဆက်သွယ်လှူဒါန်းမယ်လို့ လူငယ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ မြန်မာ့အရေး လက်ကမ်းစာစောင်တွေကို လူငယ်တွေက အပတ်စဉ် စနေနေ့တိုင်း ဝေငှပေးနေတာပါ။

News/Photo - Thiha Phay Aung

6 months Ago
Up