ဂျပန်မုန်တိုင်း

October 14, 2019

ဂျပန်မုန်တိုင်းတွင်း ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်စဉ် အဘွားအိုတဦး ပြုတ်ကျသေဆုံး (ရုပ်သံ)

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကာလအတွင်း ပိတ်မိနေသူတွေကို ရဟတ်ယာဉ်နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ချိန်မှာ အသက် ၇၇ နှစ်အရွယ် အဘွားအိုတဦးပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖူကူရှီမားဒေသ၊ အိုင်ဝါကီမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဘွားအိုအား ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက်မှာ သေဆုံးကြောင်း အတည်ပြုလိုက်တာပါ။ ခုလိုဖြစ်ခဲ့ရတဲ့အတွက် တိုကျိုမြို့တော် မီးသတ်တပ်ဖွဲ့က တောင်းပန်လိုက်ပြီး အခင်းဖြစ်ချိန်မှာ အဘွားအိုဟာ လုံခြုံရေးကြိုးနဲ့ မချိတ်ဆက်မိနိုင်ခဲ့တဲ့အတွက် ခုလိုဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက တယောက်က လုံခြုံရေးကြိုးကို ချိတ်ဆက်ပေးရပြီး နောက်တယောက်က လုံခြုံစိတ်ချရပြီလို့ စစ်ဆေးအတည်ပြုရတာဖြစ်ကာ ခုလိုဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်မှာတော့ ဒီအဆင့်တွေကို လိုက်နာခဲ့ခြင်းမရှိကြောင်း တွေ့ရတယ်လို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတဦးက‌ ပြောပါတယ်။ နှစ်ပေါင်း ၆၀ ကာလအတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘိစ်ကြောင့် သေဆုံးသူအရေအတွက် ၃၁ ယောက်အထိ မြင့်တက်လာပြီး လတ်တလောမှာတော့  တိုကျိုမီးသတ်တပ်ဖွဲ့အနေနဲ့ ဖူကူရှီးမားနဲ့ နာဂိုယာဒေသတွေအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
2 years Ago
Up