ဂျပန်ပူးပေါင်း

September 24, 2020

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကိုတန်ပြန်ရန် တောင်ကိုရီးယားနှင့်ဂျပန်ပူးပေါင်းမည်

ဂျပန်နဲ့တောင်ကိုရီးယားကြား မပြေမလည် ဆက်ဆံရေးကို ပြုပြင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု မှန်သမျှကို တန်ပြန်ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲ ဆူဂါက စက်တင်ဘာ ၂၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။  အမေရိကန်မဟာမိတ် နှစ်နိုင်ငံကြား စစ်တွင်းကာလ အတိတ်သမိုင်းနဲ့ ကုန်သွယ်ရေး ကြောင့် မနှစ်တုန်းက နှစ်နိုင်ငံဆက်ဆံရေး အတော်ယိုယွင်းခဲ့ပါတယ်။  အထူးသဖြင့် ကိုရီးယားကို ဂျပန်အုပ်ချုပ်ခဲ့တဲ့ ၁၉၁၀-၁၉၄၅ ကာလအတွင်း ကိုရီးယား လုပ်သားတွေကို ဂျပန်လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခဲ့တာတွေနဲ့ ပတ်သက်ခဲ့ပါတယ်။  ဂျပန်ဝန်ကြီးချုပ်သစ် ဆူဂါဟာ တောင်ကိုရီးယားသမ္မတ မွန်း ဂျေးအင်းနဲ့ ဖုန်း ပြောဆိုခဲ့ ပါတယ်။   ပြီးခဲ့တဲ့သီတင်းပတ်ကလည်း တောင်ကိုရီးယားသမ္မတ မွန်းက ဆူဂါထံကို စာရေးသား ပေးပို့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့အတွက် အချိန်မရွေး ဆွေးနွေးဖို့ ဆန္ဒရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ 
8 months Ago
Up