ဂျပန်နိုင်ငံသား

A d v e r t i s e m e n t With Us

January 1, 2021

ဂျပန်နိုင်ငံသားများ နှစ်သစ်ကူးနေ့ မေဂျီဘုရားကျောင်းတွင် ကပ်ရောဂါပြီးဆုံးစေရန် ဆုတောင်း

ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကြုံနေရတဲ့ ဂျပန်မှာ နှစ်သစ်ကူးနေ့က တိုကျိုမြို့လယ်ရှိ  မေဂျီဘုရားကျောင်းမှာ ထောင်ချီတဲ့   ပြည်သူတွေ သွားရောက် ဝတ်ပြုပြီး ကပ်ရောဂါကြီးပြီးဆုံးဖို့  ဆုတောင်းခဲ့ကြပါတယ်။  ဂျပန်ပြက္ခဒိန်မှာ နှစ်သစ်ကူးနေ့ဟာ အရေးပါဆုံး အားလပ်ရက်ဖြစ်ပေမဲ့ နိုင်ငံတဝန်း ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ စံချိန်တင် မြင့်ခဲ့ပြီးနောက် နှစ်သစ်ကူးပွဲတော်တွေကို လျှော့ချခဲ့တာပါ။  ဂျပန်နှစ်သစ်ကူးပွဲတော်မှာဆိုရင် မိသားစုနဲ့အတူနေတာနဲ့ ဘုရားကျောင်းတွေမှာ ဝတ်ပြုတာ ပါဝင်ပါတယ်။ ဘုရားကျောင်းတွေမှာ လူတွေက လာမယ့်နှစ်မှာ  ကံကောင်းဖို့ ဆုတောင်းကြပါတယ်။ ဒါပေမဲ့  ဒီနှစ်တော့ မေဂျီဘုရားကျောင်းမှာ ဝတ်ပြုသူတွေဟာ နှာခေါင်းစည်းတပ်၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ တန်းစီပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းခဲ့ ပါတယ်။ ဂျပန်ဘုရင် နာရူဟီတိုရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း အတူတကွ အလုပ်လုပ်ပြီး  ကပ်ရောဂါ ကာလကို ကျော်ဖြတ်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံခဲ့တယ်ဆိုပြီး ရိုက်တာက ဖော်ပြပါတယ်။   
2 months Ago

March 21, 2020

လူစုလူဝေး တားမြစ်သည့်ကြားမှ ဂျပန်နိုင်ငံသား ၅၀၀ ကျော် အိုလံပစ်မီးတိုင်သယ်ဆောင်မှု လာကြည့်

အိုလံပစ်မီးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲနဲ့ပတ်သက်ပြီး လူစုလူဝေးနဲ့ လာရောက်မကြည့်ရှုဖို့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး မတ်လ ၂၀ ရက်က ဂျပန်နိုင်ငံသား ၅၀၀ ထက်မနည်း မီးတိုင်သယ်ယူတာကို လာရောက် ကြည့်ရှုကြပါတယ်။ အိုလံပစ်မီးတိုင်ဟာ ၂၀၂၀ တိုကျိုအိုလံပစ်ကျင်းပမယ့် ဂျပန်မြေကို မတ်လ ၂၀ ရက် မနက်အစောပိုင်းက ရောက်လာခဲ့ပါတယ်။ အိုလံပစ်မီးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲကို မတ်လ ၂၆ ရက်မှာ စတင်မှာဖြစ်ပြီး ၂၀၁၁ ဂျပန်မြေငလျင်နဲ့ ဆူနာမီဖြစ်ခဲ့ရာဒေသတွေကို ဖြတ်သန်း သယ်ဆောင်သွားမှာပါ။  အိုလံပစ် မီးတိုင်သယ်ဆောင်ရာမှာ စီစဉ်သူတွေက လူတွေ လာမကြည့်ဖို့ မတားမြစ်ပေမယ့် လူစုလူဝေး မဖြစ်ဖို့တော့ ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။  အိုလံပစ်မီးတိုင်ကို လာကြည့်တဲ့ဒေသခံတယောက်ကလည်း “ဒီကို လာကြည့်ဖို့ ဆုံးဖြတ်တာက မကောင်းပေမယ့် နောက်တခါ အိုလံပစ်မီးတိုင်သယ်တာကို ကြည့်ရဖို့ဆိုတာ မသေချာဘူး”လို့ ပြောပါတယ်။ ဒါပေမဲ့ အီရှီနိုမာကီမြို့မှာတော့ ဂျပန်ပြည်သူတွေဟာ မေတ္တာရပ်ခံချက်တွေကို အလေးထားပုံမရဘဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့ကြားက ပွဲလမ်းသဘင်တွေကို လာရောက်ချင်နေကြပါတယ်။  အိုလံပစ်မီးတိုင်ကို Sandwichmen ဟာသသရုပ်ဆောင်တွေက ထွန်းညှိခဲ့ပေမယ့်  လေပြင်းတွေ တိုက်နေတာကြောင့် မီးထွန်းရာမှာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
11 months Ago
Up