ဂျပန်နိုင်ငံလုံခြုံရေး

September 28, 2019

ဂျပန်နိုင်ငံလုံခြုံရေး တရုတ်က ခြိမ်းခြောက်လာနေပြီဟု ကာကွယ်ရေးဝန်ကြီးပြော

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို အဓိကခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားနေရာမှာ တရုတ်ရဲ့ စစ်အင်အားကြီးထွားမှုက အစားထိုးဝင်ရောက်လာနေပြီလို့ ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။  တရုတ်ရဲ့ စစ်ရေးအသုံးစရိတ်တွေဟာ အလျင်အမြန် တိုးတက်လာနေပြိး  အဲဒီအပြောင်းအလဲကို ပိုအာရုံစိုက်ဖို့ လိုတယ်လို့လည်း တာရိုကိုနိုက ပြောပါတယ်။  တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာစစ်ရေးအင်အားကို ချင့်ချိန်အကဲဖြတ်တဲ့  Defence White Paper အစီရင်ခံစာအရ တရုတ်ဟာ အမေရိကန်ပြီးရင် ဒုတိယစစ်အင်အားအကြီးဆုံးဖြစ်ပြီး မြောက်ကိုရီးယားကတော့  တတိယနေရာ ရောက်သွားခဲ့ပါတယ်။  ဒါဟာ တရုတ်အနေနဲ့ ဒုတိယစစ်အင်အားအကြီးဆုံးအဖြစ် ပထမဆုံး မှတ်တမ်းဝင်တာလည်း ဖြစ်ပါတယ်။  လက်ရှိမှာ တရုတ်အစိုးရက လေကြောင်းနဲ့ ရေကြောင်း ကင်းလှည့်တပ်ဖွဲ့တွေကို ဂျပန်နိုင်ငံအနောက်ဘက်က အိုကီနာဝါကျွန်းအနီးနဲ့ ပစိဖိတ်အနောက်ခြမ်းကို စေလွှတ်ထားတာကြောင့် ဂျပန်အစိုးရက စိုးရိမ်မှု မြင့်တက်နေပါတယ်။  ဂျပန်နိုင်ငံဟာလည်း တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေကို ကာကွယ်ဖို့ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း စစ်ရေးအသုံးစရိတ် ဆယ်ပုံတပုံ တိုးမြှင့်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ========================== ဂ်ပန္ႏိုင္ငံလုံၿခဳံေရး တ႐ုတ္က ၿခိမ္းေျခာက္လာေနၿပီဟု ကာကြယ္ေရးဝန္ႀကီးေျပာ DVB ဂ်ပန္ႏိုင္ငံရဲ႕ လုံၿခဳံေရးကို အဓိကၿခိမ္းေျခာက္ေနတဲ့ ေျမာက္ကိုရီးယားေနရာမွာ တ႐ုတ္ရဲ႕ စစ္အင္အားႀကီးထြားမႈက အစားထိုးဝင္ေရာက္လာေနၿပီလို႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး တာ႐ိုကိုႏိုက စက္တင္ဘာ ၂၇ ရက္ေန႔မွာ ေျပာပါတယ္။ တ႐ုတ္ရဲ႕ စစ္ေရးအသုံးစရိတ္ေတြဟာ အလ်င္အျမန္ တိုးတက္လာေနၿပိး  အဲဒီအေျပာင္းအလဲကို ပိုအာ႐ုံစိုက္ဖို႔ လိုတယ္လို႔လည္း တာ႐ိုကိုႏိုက ေျပာပါတယ္။ တ႐ုတ္ရဲ႕ လုံၿခဳံေရးဆိုင္ရာစစ္ေရးအင္အားကို ခ်င့္ခ်ိန္အကဲျဖတ္တဲ့  Defence White Paper အစီရင္ခံစာအရ တ႐ုတ္ဟာ အေမရိကန္ၿပီးရင္ ဒုတိယစစ္အင္အားအႀကီးဆုံးျဖစ္ၿပီး ေျမာက္ကိုရီးယားကေတာ့  တတိယေနရာ ေရာက္သြားခဲ့ပါတယ္။ ဒါဟာ တ႐ုတ္အေနနဲ႔ ဒုတိယစစ္အင္အားအႀကီးဆုံးအျဖစ္ ပထမဆုံး မွတ္တမ္းဝင္တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ တ႐ုတ္အစိုးရက ေလေၾကာင္းနဲ႔ ေရေၾကာင္း ကင္းလွည့္တပ္ဖြဲ႕ေတြကို ဂ်ပန္ႏိုင္ငံအေနာက္ဘက္က အိုကီနာဝါကြၽန္းအနီးနဲ႔ ပစိဖိတ္အေနာက္ျခမ္းကို ေစလႊတ္ထားတာေၾကာင့္ ဂ်ပန္အစိုးရက စိုးရိမ္မႈ ျမင့္တက္ေနပါတယ္။ ဂ်ပန္ႏိုင္ငံဟာလည္း တ႐ုတ္ရဲ႕ စစ္ေရးလႈပ္ရွားမႈနဲ႔ န်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏိုင္တဲ့ ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္ေတြကို ကာကြယ္ဖို႔ ၿပီးခဲ့တဲ့ ၇ ႏွစ္အတြင္း စစ္ေရးအသုံးစရိတ္ ဆယ္ပုံတပုံ တိုးျမႇင့္ခဲ့တယ္လို႔ အစီရင္ခံစာက ေဖာ္ျပပါတယ္။
2 years Ago
Up