ဂျပန်ဆိပ်ကမ်း

April 25, 2020

ဂျပန်ဆိပ်ကမ်းရှိ အပျော်စီးသင်္ဘောပေါ်၌ ကိုရိုနာအတည်ပြုလူနာ ၅၇ ဦးထိရှိလာ

ဂျပန်နိုင်ငံ နာဂါဆာကီဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အီတာလျံအပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာဟာ ၅၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။  အမှုထမ်းအားလုံး စစ်ဆေးမှု ပြီးဆုံးသွားတာနဲ့အတူ  စုစုပေါင်းကူးစက်ခံရသူ အရေအတွက် ၁၅၀ ဝန်းကျင်ရှိလာပါတယ်။  ဒါဟာ သင်္ဘောအမှုထမ်း စုစုပေါင်းရဲ့  လေးပုံတပုံလောက် ရှိပါတယ်။ ကော်စတာအတ်တလန်တီကာလို့ ခေါ်တဲ့ အဲဒီအပျော်စီးသင်္ဘောမှာ သင်္ဘောသားအရာရှိနဲ့ ဝန်ထမ်း ၆၂၃ ဦး ပါဝင်ပြီး အားလုံးကို စစ်ဆေးပြီးတဲ့နောက်မှာ ၁ ဦးသာ ရောဂါပြင်းထန်လို့  ဆေးရုံတင်ထားရပါတယ်။ ကျန်တဲ့သူတွေကတော့ ရောဂါလက္ခဏာပြင်းထန်မှု မရှိလို့ သင်္ဘောပေါ်မှာပဲ ဆက်ထား ထားတယ်လို့ ဆိုပါတယ်။  ဒီသင်္ဘောဟာ နာဂါဆာကီဆိပ်ကမ်းမှာ ဖေဖော်ဝါရီလကတည်းက ပြင်ဆင်ဖို့ ဆိုက်ကပ်ထားတာ ဖြစ်ပြီး  မူလက တရုတ်ပြည်မှာ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။    ဂျပန်နိုင်ငံ ဒေသတချို့က ဆေးရုံတွေမှာ လူနာခုတင် မလောက်မင ဖြစ်နေချိန်မှာပဲ အခုလို  နာဂါဆာကီဆိပ်ကမ်းမှာ ကပ်ထားတဲ့ အပျော်စီး သင်္ဘောပေါ်မှာ အစုလိုက် ကူးစက်မှုကို တွေ့ရှိရတာပါ။    ဂျပန်တနိုင်ငံလုံးမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၈၀၀ အထိ မြင့်တက်လာပြီး သေဆုံးသူ ၃၄၅ ယောက် ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago

February 19, 2020

အပျော်စီးသင်္ဘောပေါ်က ခရီးသည်များကို ဂျပန်ဆိပ်ကမ်းပေါ် ဆင်းခွင့်ပြု

ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ သီးခြားစောင့်ကြည့်ခံရတဲ့ Diamond Princess အပျော်စီးသင်္ဘောဟာ စောင့်ကြည့်ကာလ ပြည့်သွားပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်က  ခရီးသည် ၅၀၀ လောက်ကို ကမ်းပေါ် ဆင်းခွင့်ပြုလိုက်ပါတယ်။  ဒါပေမဲ့ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ တခန်းတည်း နေခဲ့သူတွေကတော့ သင်္ဘောပေါ်မှာ ကြာကြာဆက်နေရမယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဟောင်ကောင်မှာ ဆင်းသွားတဲ့ ခရီးသည်တဦးမှာ Covid-19 ဗိုင်းရပ်စ် တွေ့ရှိပြီးနောက်  အပျော်စီးသင်္ဘောဟာ ဖေဖော်ဝါရီ ၃ ရက်ကစလို့ ယိုကိုဟားမားဆိပ်ကမ်းမှာ သီတင်းနှစ်ပတ်ကြာ သီးခြားစောင့်ကြည့်ခံရပါတယ်။  သင်္ဘောပေါ်မှာ လူ ၃၇၀၀ ကျော် လိုက်ပါလာပြီး ဂျပန်ကျန်းမာရေး အာဏာပိုင်တွေ စစ်ဆေးချက်အရ အခုချိန်ထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၄၀ ကျော် ရှိပါတယ်။  ဖေဖော်ဝါရီလ ၁၉ ရက်က  ဂျပန်နဲ့ တခြားနိုင်ငံသားတွေကို ခေါ်ယူဖို့ ခရီးသည်တင် ဘတ်စ်ကားတွေ ဆိပ်ကမ်းကို ရောက်လာတာ တွေ့ရပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ ဟောင်ကောင်၊ အီတလီနဲ့ ထိုင်ဝမ်တို့ကလည်း သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့  ရိုက်တာသတင်းမှာ ရေးပါတယ်။
2 years Ago
Up