ဂျပန်စွန့်ဦးတီထွင်လုပ်ငန်းရှင်

January 16, 2020

လကမ္ဘာသို့ အတူသွားရန်  ဂျပန်သူဌေး ရည်းစားရှာ

ဂျပန်လူမျိုးကုဋေကြွယ်သူဌေး ယုဇခုမာ့အဲဇဝါ့ဟာ လကမ္ဘာကို သူနဲ့အတူ အလည်အပတ် ခရီးသွားဖို့ ရည်းစား ရှာနေတဲ့သတင်းဟာ မှတ်တမ်းရုပ်ရှင် အစီအစဉ်သစ်အတွက် အကြောင်းအရာတခု  ဖြစ်လာပါတယ်။ ဂျပန်စွန့်ဦးတီထွင်လုပ်ငန်းရှင်ရဲ့ လူစိတ်ဝင်စားတာခံချင်လို့ စတန့်ထွင်မှုလို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။  မာ့အဲဇဝါ့ဟာ လကို သွားဖို့ ပထမဆုံးအမျိုးသမီး ဘာလို့ မဖြစ်ရမှာလည်းလို့ သူ့ရဲ တွစ်တာ လူမှုကွန်ရက်အကောင့်မှာ ဇန်နဝါရီ ၁၂ရက်က ရေးခဲ့တာပါ။  အဲဒီနောက် အာဘဲမရုပ်သံအစီအစဉ်က မာ့အဲဇ့ဝါ့ရဲ့ ရည်းစားရှာမှုကို လပြည့်ချစ်သူများလို့ နာမည်ပေးထားတဲ့ ရုပ်သံမှတ်တမ်းအဖြစ် ထုတ်လွှင့်မယ့်အကြောင်း သူတို့ရဲ့ အင်တာနက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။  အွန်လိုင်းကနေ ဖက်ရှင်ပစ္စည်းတွေ ရောင်းချရာက ချမ်းသာလာတဲ့ အသက် ၄၄နှစ်အရွယ် မာ့အဲဇာ့ဝါ့ကတော့ သူ့ရဲ့လကမ္ဘာဆီ ခရီးစဉ်အတွက် အသက် ၂၀ ကျော် အမျိုးသမီး လူလွတ် ခရီးဖော် တယောက်ကို ရှာနေတယ်လို့ ပြောပါတယ်။  ဒါဟာ လူချမ်းသာတယောက် ဘယ်လို ပျော်စရာရှာလည်းဆိုတာပဲလို့ အသက် ၂၀အရွယ် ကျောင်းသူ ရှုဟာယာဆဲက ပြောပါတယ်။  သူ့ သူငယ်ချင်း နတ်စုမိ ဝါ့ခါ့ဆာ့ယာ့ ကတော့ ဒါမျိုးအတွက် စာရင်းပေးမှာ မဟုတ်ဘူး လို့ ပြောပါတယ်။  စီးပွားရေးသမား တိုရှိယုခိအိုးဒါ့ကတော့ မာ့အဲဇာ့ဝါ့ဟာ လူတွေက သူ့ အကြောင်းကို ပြောနေစေချင်တာလို့ ခုလို လုပ်တာလို့ ဝေဖန်ပြောပါတယ်။  အီလွန်မတ်ခ်စ်ရဲ့ SpaceX ခရီးစဉ်မှာ ပထမဆုံးပုဂ္ဂလိက ခရီးသည်အဖြစ် လကမ္ဘာဆီကို ၂၀၂၃ ခုနှစ်မှာသွားဖို့ မာ့အဲဇာ့ဝါ့က စီစဉ်နေတာပြီး သူ့ရဲ့ခရီးဖော်ကို မတ်လကုန်ပိုင်းမှာ ရွေးချယ်မှာ ဖြစ်ပါတယ်။
1 year Ago
Up