ဂျပန်ကျွန်း

A d v e r t i s e m e n t With Us

April 11, 2020

ကသာမြို့နယ်တွင် မိုးကြိုးပစ်ခံရသဖြင့် အမျိုးသား သေဆုံးပြီး ဇနီး ကိုယ်ဝန်ပျက်ကျ

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ဧပြီ ၁၀ ရက်နေ့မနက်က မိုးကြိုးပစ်တာကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ကသာမြို့နယ် မိုးတားလေးကျေးရွာရဲ့ အရှေ့မြောက်ဘက် ဧရာဝတီမြစ်အတွင်းရှိ ကျွန်း(ဂျပန်ကျွန်း) မှာ ဧပြီ ၁၀ ရက်နေ့ မနက် ၂ နာရီအချိန်က တောင်ယာလုပ်ကိုင်နေတဲ့ အောင်ကိုဝင်းနဲ့ ဇနီးဖြစ်သူတို့ နေအိမ်မှာ ရှိနေစဉ် မိုးရွာပြီး လျှပ်စီးများလက် မိုးခြိမ်းနေတာကြောင့် နေအိမ်အပြင်ရှိ နွားတွေကို အိမ်အောက်ဘက် ရွှေ့ပြောင်းနေစဉ် မိုးကြိုးပစ်ခံခဲ့ရတာပါ။ မိုးကြိုးပစ်ခံရတာကြောင့် ကိုအောင်ဝင်း (၂၃) ဟာ ဦးခေါင်း၊ ခန္ဓာကိုယ်နောက်ကျော၊ တင်ပါးနဲ့ ပေါင်တို့မှာ မီးကျွမ်း ဒဏ်ရာများ ရရှိခဲ့ပြီး နွားနှစ်ကောင်လည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် အောင်ကိုဝင်းရဲ့ ဇနီးသည်မှာလည်း ၂ လသားအရွယ် ကိုယ်ဝန် ပျက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ ကိုကိုလင်း အင်းတော်
11 months Ago
Up