ဂျပန်ကျောင်းသူ

August 23, 2019

ယာဉ်စည်းကမ်း ကူညီထိန်းသိမ်းပေးသော ထိုင်းရောက် ဂျပန်ကျောင်းသူ ရေပန်းစား (ရုပ်သံ)

ထိုင်းလူမှုကွန်ရက်မှာ ခုရက်ပိုင်းတွင်း လမ်းပေါ်ကလူတွေ ယာဉ်စည်းကမ်းလိုက်နာအောင် ကူညီထိန်းသိမ်းပေးနေတဲ့ ဂျပန်ကျောင်းသူတယောက်အကြောင်း ရေပန်းစားနေပါတယ်။ ဘန်ကောက်မြို့လယ် ဘတ်စ်ကားမှတ်တိုင်တခုမှာ ကားစောင့်နေတဲ့ တက္ကသိုလ်ကျောင်းသူတဦးက သူမရှေ့ ပလက်ဖောင်းပေါ်တက်ပြီး ဖြတ်လမ်းလိုက်ပြီး မောင်းလာတဲ့ ဆိုင်ကယ်တွေကို အဲလိုမလုပ်ဖို့၊ အရှေ့မှာ လမ်းဖြတ်ကူးတဲ့လူတွေလည်း ရှိနေလို့ အန္တရာယ်ဖြစ်ကြောင်း ပြောဆိုပြီး သူ့ကိုယ်နဲ့ ကာဆီးတားမြစ်နေတဲ့ ဗွီဒီယိုဖိုင်တခု သြဂုတ် ၂၁ ရက်နေ့ကစပြီး လူမှုကွန်ရက်မှာ ပြန့်နေပါတယ်။ အဲဒီကျောင်းသူဟာ ထိုင်းမြောက်ပိုင်း စကွန်းနခွန်းခရိုင် စိုက်ပျိုးရေးတက္ကသိုလ်မှာ လာပြီး ပညာသင်ကြားနေတဲ့ အသက် ၂၆ နှစ်အရွယ် ဂျပန်ကျောင်းသူ မေကုမိ ခေါ် မလ ဆိုသူဖြစ်ကြောင်း သိရပြီးတဲ့နောက် လူမှုကွန်ရက်မှာ ကိုယ့်နိုင်ငံရဲ့ ယာဉ်စည်းကမ်းကို နိုင်ငံခြားသားလောက်တောင်မှ မသိတတ်တဲ့ ဆိုင်ကယ်စီးသမားတွေကို ပြစ်တင်ရှုတ်ချနေကြပြီး ပြည်သူတွေ ယာဉ်စည်းကမ်းလိုက်နာရေး အမုန်းခံကာ ပြောနေတဲ့ ဂျပန်ကျောင်းသူကို လူတွေက ပိုမိုချီးမွမ်းနေကြတာပါ။ ထိုင်းရတ်သတင်းဌာနက အဲဒီဂျပန်ကျောင်းသူကို ဆက်သွယ်မေးမြန်းရာမှာတော့ သူမအနေနဲ့ ထိုင်းနိုင်ငံကို နှစ်သက်လို့ ဒီမှာလာပြီး ပညာသင်နေတာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ အဲဒီနေ့က ဘန်ကောက်မှာ ဆေးလာစစ်ရင်း ယာဉ်စည်းကမ်း မလိုက်နာသူတွေကို အမြင်မတော်လို့ တားဆီးခဲ့တာဖြစ်ကြောင်း၊ အခုလိုလုပ်ရတာဟာ အရင်က သူမဟာ ယာဉ်စည်းကမ်းမဲ့သူကြောင့် ယာဉ်မတော်တဆ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးပြီး တခြားသူတွေလည်း သူမလို မဖြစ်စေချင်တာကြောင့် အမြင်မတော်တာရှိရင် ဟန့်တားလေ့ရှိကြောင်း၊ အခုလို တားဆီးလာတာ အကြိမ်ပေါင်း တရာကျော်ပြီဖြစ်ပြီး တချို့က သူမပြောတာကို လိုက်နာပေမယ့် တချို့ကတော့ မလိုက်နာဘဲ သူမကို ရန်ရှာတာ၊ ဆိုင်ကယ်နဲ့ တိုက်သွားတာ၊ ခြေတောက်တက်နင်းတာတွေကို ၄ ကြိမ် ခံခဲ့ရဖူူးတယ်လို့ ပြောပါတယ်။ သူကျောင်းတက်တဲ့ စိုက်ပျိုးရေးတက္ကသိုလ်က ဆရာမတဦးကလည်း မေကုမိဟာ စိတ်ကောင်းစေတနာကောင်းရှိပြီး တက္ကသိုလ်ရဲ့ အချစ်တော်တဦးဖြစ်ကြောင်း၊ ပညာရေးမှာလည်း ကြိုးစားသူတဦးဖြစ်တာကြောင့် သူတို့တက္ကသိုလ်မှာ ဒီလိုကျောင်းသူတယောက် ရှိတဲ့အတွက် ဂုဏ်ယူတယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။
Zawgyi Version ယာဥ္စည္းကမ္း ကူညီထိန္းသိမ္းေပးေသာ ထိုင္းေရာက္ ဂ်ပန္ေက်ာင္းသူ ေရပန္းစား (႐ုပ္သံ) DVB ထိုင္းလူမႈကြန္ရက္မွာ ခုရက္ပိုင္းတြင္း လမ္းေပၚကလူေတြ ယာဥ္စည္းကမ္းလိုက္နာေအာင္ ကူညီထိန္းသိမ္းေပးေနတဲ့ ဂ်ပန္ေက်ာင္းသူတေယာက္အေၾကာင္း ေရပန္းစားေနပါတယ္။ ဘန္ေကာက္ၿမိဳ႕လယ္ ဘတ္စ္ကားမွတ္တိုင္တခုမွာ ကားေစာင့္ေနတဲ့ တကၠသိုလ္ေက်ာင္းသူတဦးက သူမေရွ႕ ပလက္ေဖာင္းေပၚတက္ၿပီး ျဖတ္လမ္းလိုက္ၿပီး ေမာင္းလာတဲ့ ဆိုင္ကယ္ေတြကို အဲလိုမလုပ္ဖို႔၊ အေရွ႕မွာ လမ္းျဖတ္ကူးတဲ့လူေတြလည္း ရွိေနလို႔ အႏၲရာယ္ျဖစ္ေၾကာင္း ေျပာဆိုၿပီး သူ႔ကိုယ္နဲ႔ ကာဆီးတားျမစ္ေနတဲ့ ဗြီဒီယိုဖိုင္တခု ၾသဂုတ္ ၂၁ ရက္ေန႔ကစၿပီး လူမႈကြန္ရက္မွာ ျပန႔္ေနပါတယ္။ အဲဒီေက်ာင္းသူဟာ ထိုင္းေျမာက္ပိုင္း စကြန္းနခြန္းခ႐ိုင္ စိုက္ပ်ိဳးေရးတကၠသိုလ္မွာ လာၿပီး ပညာသင္ၾကားေနတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ဂ်ပန္ေက်ာင္းသူ ေမကုမိ ေခၚ မလ ဆိုသူျဖစ္ေၾကာင္း သိရၿပီးတဲ့ေနာက္ လူမႈကြန္ရက္မွာ ကိုယ့္ႏိုင္ငံရဲ႕ ယာဥ္စည္းကမ္းကို ႏိုင္ငံျခားသားေလာက္ေတာင္မွ မသိတတ္တဲ့ ဆိုင္ကယ္စီးသမားေတြကို ျပစ္တင္ရႈတ္ခ်ေနၾကၿပီး ျပည္သူေတြ ယာဥ္စည္းကမ္းလိုက္နာေရး အမုန္းခံကာ ေျပာေနတဲ့ ဂ်ပန္ေက်ာင္းသူကို လူေတြက ပိုမိုခ်ီးမြမ္းေနၾကတာပါ။ ထိုင္းရတ္သတင္းဌာနက အဲဒီဂ်ပန္ေက်ာင္းသူကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ သူမအေနနဲ႔ ထိုင္းႏိုင္ငံကို ႏွစ္သက္လို႔ ဒီမွာလာၿပီး ပညာသင္ေနတာ ၆ ႏွစ္ရွိၿပီျဖစ္ေၾကာင္း၊ အဲဒီေန႔က ဘန္ေကာက္မွာ ေဆးလာစစ္ရင္း ယာဥ္စည္းကမ္း မလိုက္နာသူေတြကို အျမင္မေတာ္လို႔ တားဆီးခဲ့တာျဖစ္ေၾကာင္း၊ အခုလိုလုပ္ရတာဟာ အရင္က သူမဟာ ယာဥ္စည္းကမ္းမဲ့သူေၾကာင့္ ယာဥ္မေတာ္တဆ ထိခိုက္ဒဏ္ရာ ရခဲ့ဖူးၿပီး တျခားသူေတြလည္း သူမလို မျဖစ္ေစခ်င္တာေၾကာင့္ အျမင္မေတာ္တာရွိရင္ ဟန႔္တားေလ့ရွိေၾကာင္း၊ အခုလို တားဆီးလာတာ အႀကိမ္ေပါင္း တရာေက်ာ္ၿပီျဖစ္ၿပီး တခ်ိဳ႕က သူမေျပာတာကို လိုက္နာေပမယ့္ တခ်ိဳ႕ကေတာ့ မလိုက္နာဘဲ သူမကို ရန္ရွာတာ၊ ဆိုင္ကယ္နဲ႔ တိုက္သြားတာ၊ ေျခေတာက္တက္နင္းတာေတြကို ၄ ႀကိမ္ ခံခဲ့ရဖူူးတယ္လို႔ ေျပာပါတယ္။ သူေက်ာင္းတက္တဲ့ စိုက္ပ်ိဳးေရးတကၠသိုလ္က ဆရာမတဦးကလည္း ေမကုမိဟာ စိတ္ေကာင္းေစတနာေကာင္းရွိၿပီး တကၠသိုလ္ရဲ႕ အခ်စ္ေတာ္တဦးျဖစ္ေၾကာင္း၊ ပညာေရးမွာလည္း ႀကိဳးစားသူတဦးျဖစ္တာေၾကာင့္ သူတို႔တကၠသိုလ္မွာ ဒီလိုေက်ာင္းသူတေယာက္ ရွိတဲ့အတြက္ ဂုဏ္ယူတယ္လို႔ သတင္းေထာက္ကို ေျပာသြားပါတယ္။
2 years Ago
Up