ဗြိတိန်နိုင်ငံ၊ မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်မြို့ရဲ့ ကောင်းကင်မှာ တော်ဝင်လေတပ်ကျွမ်းဘားအဖွဲ့ Red Arrows က သြဂုတ် ၁၅ ရက်မှာ စွမ်းရည်ပြသခဲ့ပါတယ်။
ဂျပန်ကိုအောင်နိုင်ခြင်းနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ဗြိတိန်ရဲ့ မြို့လေးမြို့မှာ ပျံသန်းဖို့ မူလက စီစဉ်ထားခဲ့တာပါ။
ဒါပေမဲ့ ရာသီဥတု မကောင်းတာမို့ ဝေလနယ်ရဲ့မြို့တော် ကာဒစ်ဖှ်ရဲ့ ကောင်းကင်မှာ ပျံသန်းပြမယ်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ လန်ဒန်မြို့တော်နဲ့ အီဒင်ဘာ့ဂ်မြို့တော်တွေမှာလည်း စနေနှောင်းပိုင်းမှာ ပျံသန်း စွမ်းရည် ပြသပါတယ်။
ဂျပန်နိုင်ငံက ဟိရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေပေါ် အမေရိကန်က အဏုမြူဗုံးချအပြီး သြဂုတ် ၁၅ ရက်မှာ ဂျပန်က ဒုတိယကမ္ဘာစစ်ကို အရှုံးပေးခဲ့ပါတယ်။
2 years Ago