ဂျက်လေယာဉ်

May 24, 2020

ကနေဒါလေတပ် Snowbirds ဂျက်လေယာဉ်ပျက်ကျသည့်ရုပ်သံထွက်ပေါ် (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း စိတ်ဓာတ်မြှင့်တင်ရေးဆောင်ရွက်နေတဲ့ ကနေဒါလေတပ် Snowbirds အဖွဲ့ရဲ့ ဂျက်လေယာဉ်တစီး မတော်တဆဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ဟာ British Columbia ရဲ့ Kamloops ဒေသမှာ မေ ၁၇ ရက်ကဖြစ်ခဲ့ပြီး လေယာဉ်မှူး ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ကာကွယ်ရေးဌာနက ပြောပါတယ်။  မျက်မြင်ကြုံတွေ့ခဲ့သူတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခုမှာအဖွဲ့ရဲ့  Canadair Tutor အင်ဂျင်တလုံးတပ် လေယာဉ်နှစ်စီး ပျံတက်သွားခဲ့တာကို မြင်တွေ့ခဲ့ ရပါတယ်။ အဲ့ဒီနောက်မှာ လေယာဉ်နှစ်စီးထဲက တစီးဟာ ချက်ချင်းဆိုသလို ပျက်ကျလာခဲ့ပြီး လေယာဉ်မှူး ခုန်ထွက်လာခဲ့ပြီးနောက် ရဟတ်ယာဉ်ဟာ ပေါက်ကွဲခဲ့ပါတယ်။ လေယာဉ်ဟာ လူနေဧရိယာပေါ် ပျက်ကျခဲ့တာဖြစ်ပြီး မီးလောင်မှုပါ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူနေအိမ်တလုံး မီးလောင်ပျက်စီးသွားခဲ့တာကိုလည်း တွေ့ရပါ တယ်။ ဒါဟာ မကြာသေးခင်ကာလအတွင်း Snowbirds အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လေယာဉ်မတော်တဆမှု ဖြစ်ပြီး အောက်တိုဘာလကလည်း ပျက်ကျမှုတခု ဖြစ်ပွားခဲ့ပါတယ်။
11 months Ago

August 28, 2019

စပိန်စစ်တပ်က ဂျက်လေယာဉ် ၁ စီး  ပျက်ကျပြီး လေယာဉ်မှူး သေဆုံး

စပိန်စစ်တပ်က ဂျက်လေယာဉ်တစီးဟာ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်ထဲကို သြဂုတ် ၂၆ ရက်က ပျက်ကျလို့ လေယာဉ်မှူး သေဆုံးသွားတယ်လို့ စပိန် လေတပ်က ပြောပါတယ်။ သင်တန်းအတွက်သုံးတဲ့ C-101 အမျိုးအစား ဂျက်လေယာဉ်ဟာ လာမန်ဂါမြို့နားမှာ ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ လေတပ်ပြောခွင့်ရက ပြောပါတယ်။ ဒါဟာ စပိန်နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် လေယာဉ်ပျက်ကျတာပါ။  လေယာဉ်မှူးဟာ ပျံသန်းမှု လမ်းညွှန်နဲ့အတူ လေယာဉ်မောင်းခန်းထဲမှာ တယောက်တည်း ရှိနေခဲ့ပါတယ်။  လေယာဉ်ပျက်က အစအနတွေက သဲတွေထဲ ကျခဲ့လို့ အနီးနားက ကမ်းခြေ သုံးခုကို နေပူဆာလှုံသူတွေ မလာနိုင်အောင် ပိတ်ထားတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ သြဂုတ် ၂၅ ရက်ကလည်း စပိန်နိုင်ငံ မယ်လော်ကာကျွန်းပေါ်မှာ ရဟတ်ယာဉ်တစီးနဲ့ အပေါ့စား လေယာဉ်တစီး တိုက်မိလို့ လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ- Wikimedia Commons ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version စပိန္စစ္တပ္က ဂ်က္ေလယာဥ္ ၁ စီး  ပ်က္က်ၿပီး ေလယာဥ္မႉး ေသဆုံး စပိန္စစ္တပ္က ဂ်က္ေလယာဥ္တစီးဟာ ႏိုင္ငံအေရွ႕ေတာင္ဘက္ ကမ္း႐ိုးတန္းရဲ႕ ကမ္းလြန္ပင္လယ္ျပင္ထဲကို ၾသဂုတ္ ၂၆ ရက္က ပ်က္က်လို႔ ေလယာဥ္မႉး ေသဆုံးသြားတယ္လို႔ စပိန္ ေလတပ္က ေျပာပါတယ္။ သင္တန္းအတြက္သုံးတဲ့ C-101 အမ်ိဳးအစား ဂ်က္ေလယာဥ္ဟာ လာမန္ဂါၿမိဳ႕နားမွာ ပ်က္က်ခဲ့တာျဖစ္ၿပီး ပ်က္က်ရတဲ့ အေၾကာင္းရင္းကို မသိရေသးဘူးလို႔ ေလတပ္ေျပာခြင့္ရက ေျပာပါတယ္။ ဒါဟာ စပိန္ႏိုင္ငံမွာ ရက္ပိုင္းအတြင္း ဒုတိယေျမာက္ ေလယာဥ္ပ်က္က်တာပါ။ ေလယာဥ္မႉးဟာ ပ်ံသန္းမႈ လမ္းၫႊန္နဲ႔အတူ ေလယာဥ္ေမာင္းခန္းထဲမွာ တေယာက္တည္း ရွိေနခဲ့ပါတယ္။  ေလယာဥ္ပ်က္က အစအနေတြက သဲေတြထဲ က်ခဲ့လို႔ အနီးနားက ကမ္းေျခ သုံးခုကို ေနပူဆာလႈံသူေတြ မလာႏိုင္ေအာင္ ပိတ္ထားတယ္လို႔ ေဒသႏၲရ အာဏာပိုင္ေတြက ေျပာပါတယ္။ ၾသဂုတ္ ၂၅ ရက္ကလည္း စပိန္ႏိုင္ငံ မယ္ေလာ္ကာကြၽန္းေပၚမွာ ရဟတ္ယာဥ္တစီးနဲ႔ အေပါ့စား ေလယာဥ္တစီး တိုက္မိလို႔ လူ ၇ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဓာတ္ပုံ- Wikimedia Commons
2 years Ago
Up