ဂျက်လူသား

February 19, 2020

ဒူဘိုင်း ကောင်းကင်တွင် ပြင်သစ် ဂျက်လူသား ပျံသန်းပြ (ရုပ်သံ)

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ပြင်သစ်နိုင်ငံက ဂျက်လူသား ဗင့်ဇ်အက်ဖှေးဟာ မြေပြင်ကနေ အောင်အောင်မြင်မြင် ပျံတက်ပြီး ဒူဘိုင်း ကောင်းကင်တလွှားမှာ ပျံသန်းပြနေတာပါ။ သူဟာ ဂျက်အင်ဂျင် အသေးစား ၄ ခု တပ်ဆင်ထားတဲ့ ကာဗွန်ဖိုင်ဘာ တောင်ပံကို တပ်ဆင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၈၀၀ အမြင့်ကနေ ပျံသန်းပြခဲ့ပါတယ်။ ၃ မိနစ်ကြာတဲ့ ပျံသန်းချိန်အပြီး သူဟာ လေထီးကိုဖွင့်ပြီး မြေပြင်ပေါ် ပြန်ဆင်းခဲ့ပါတယ်။ သူ့ရဲ့ ပစ္စည်းကိရိယာတွေကြောင့် ၁ နာရီ ကီလို ၄၀၀ အမြန်နှုန်းနဲ့ ပျံသန်းနိုင်သလို လေဟုန်လည်း စီးနိုင်ပြီး လေထဲမှာ လိုချင်သလို လှည့်ပတ် ကွေ့ဝိုက်နိုင်ပါတယ်။ တကယ်လို့ အင်ဂျင်က ခပ်နိမ့်နိမ့် ပျံနေချိန်မှာ ပျက်ခဲ့ရင်သုံးဖို့ ဘေးကင်းရေး အပိုလေထီးကိုလည်း သူက ဝတ်ထားပါတယ်။ ဒီပွဲမတိုင်ခင်မှာ သူဟာ အကြိမ်ရေ ငါးဆယ်ကျော် ပျံသန်း လေ့ကျင့်ခဲ့ပါတယ်။
1 year Ago
Up