ဂျက်ဂရီးလစ်ရှ်

November 18, 2020

အင်္ဂလန်လက်ရွေးစင် ဂျက်ဂရီးလစ်ချ်ကို နည်းပြဆောက်ဂိတ် ချီးကျူး 

အင်္ဂလန်လက်ရွေးစင် ဂျက်ဂရီးလစ်ချ်ဟာ လူတွေရဲ့ အာရုံစိုက်မှုတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ နည်းပြဆောက်ဂိတ်က ချီးကျူးလိုက်ပါတယ်။ အက်စ်တွန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ချ်ဟာ အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် လူတွေရဲ့အာရုံစိုက်မှု ခံနေရတာဖြစ်ပါတယ်။  နည်းပြဆောက်ဂိတ်ကတော့ ဂရီးလစ်ချ်ဟာ နာမည်ကြီးကစားသမားတစ်ဦး ဖြစ်လာတာကြောင့် လူတွေရဲ့ အာရုံစိုက်မှုတွေကို အကောင်းမွန်ဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဆောက်ဂိတ်က သုံးသပ်ခဲ့တာပါ။  အင်္ဂလန်လက်ရွေးစင် ကစားသမားဘဝအစမှာပဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ဘောလုံးနဲ့အတူ ဆွဲပြေးပြီး ကန်သွင်းနိုင်တဲ့သူလည်း ဖြစ်တယ်လို့လည်း နည်းပြ ဆောက်ဂိတ်က ချီးကျူးပြောပါတယ်။ 
6 months Ago

February 29, 2020

မန်ယူထက် ပိုမြင့်သည့်အသင်း ပြောင်းရွှေ့ရန် ဂရေးလစ်ရှ်ကို အဘွန်လဟော် တိုက်တွန်း

ဂျက်ဂရေးလစ်ရှ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုမိုမြင့်မားတဲ့ အသင်းတွေဆီကိုပဲ ပြောင်းရွှေ့သင့်တယ်လို့ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က တိုက်တွန်းလိုက်ပါတယ်။ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရေးလစ်ရှ်ကို မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။  ဂျက်ဂရေးလစ်ရှ်ဟာ အင်္ဂလန်မှာရှိတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ရွေးချယ်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ခြေစွမ်းအဆင့်အတန်းက မန်ယူအသင်းထက်မြင့်မားတဲ့အသင်းနဲ့သာ ထိုက်တန်မူရှိတယ်လို့ The Sun သတင်းစာကို အဘွန်လဟော်က ပြောကြားခဲ့တာပါ။  ဂျက်ဂရေးလစ်ရှ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်စွမ်းရှိနေပြီး အမြန်နှုန်းရှိသလို နေရာစုံကနေလည်း ဂိုးသွင်းနိုင်စွမ်းရှိတယ်လို့ အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း အလွန်လဟော်က သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
Up