ဂျရူး ဟက်ထရစ်သွင်းပြီး အက်စ်တွန်ဗီလာကို ဂိုးပြတ်နိုင်သည့် အာဆင်နယ်

May 16, 2016

ဂျရူး ဟက်ထရစ်သွင်းပြီး အက်စ်တွန်ဗီလာကို ဂိုးပြတ်နိုင်သည့် အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ အက်စ်တွန်ဗီလာတို့ မေလ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က တိုက်စစ်မှူး ဂျရူးရဲ့ ဟက်ထရစ်ဂိုး အပါအ၀င် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲအနိုင်ရတဲ့အတွက် ရမှတ် ၇၁ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာ ရရှိခဲ့ပါတယ်။ မေလ ၁၅ ရက်ညက တချိန်တည်းကန်တဲ့ ဆွမ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပွဲစဉ်မှာ စပါးက ဆွမ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက်လည်း အာဆင်နယ်အသင်း အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ အာဆင်နယ်အတွက် တိုက်စစ်မှူး ဂျရူးက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။ အာဆယ်နယ်ဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ အသာစီး ရယူနိုင်သလို ဂိုးကန်သွင်းခွင့်တွေမှာလည်း အပြတ်အသာစီး ရခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ်နဲ့ မိနစ် ၈၀ တွေမှ ဂျရူးကပဲ အာဆင်နယ်အတွက် ၂ ဂိုး ဆက်တိုက် သွင်းယူပေးခဲ့သလို သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဗီလာကစားသမားတဦး ကိုယ့်ဂိုးကိုယ် သွင်းခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်က ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
6 years Ago
Up