ဂျူးဘာသာဝင်

June 29, 2018

ဂျူးဘာသာဝင်များ၏ အထွတ်အမြတ်နံရံတွင် ဝစ်လစ်စလစ် ဓာတ်ပုံရိုက်ခဲ့သည့် မော်ဒယ် ဝေဖန်ခံရ

[caption id="attachment_277865" align="alignleft" width="370"] ဓာတ်ပုံ - AFP[/caption] ဂျေရုဆလင်မြို့မှ ဂျူးဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နံရံမှာ ဝစ်လစ်စလစ် အခြေအနေနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ မော်ဒယ်အမျိုးသမီးတဦးဟာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မာရီဆာ ပါဖန် အမည်ရတဲ့ ဘယ်လ်ဂျီယံမော်ဒယ်လ်ဟာ လဲလျောင်းပြီး ဝစ်လစ်စလစ် အခြေအနေနဲ့ အဲဒီနံရံကို အပေါ်စီးကမြင်ရတဲ့ ခေါင်မိုးပေါ်မှာ ရိုက်ကူးထားတဲ့ပုံကို သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။ ပါဖန်ဟာ ခုလိုပဲ ဝစ်လစ်စလစ် အခြေအနေနဲ့ သရုပ်ပြအနုပညာဓာတ်ပုံတွေ ရိုက်ကူးလေ့ရှိသူဖြစ်ပြီး ဝက်ဘ်ဆိုက်ပေါ်မှာတော့ ကမ္ဘာ့ဒေသအနှံ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ သူ့ကိုယ်သူတော့ “မျက်နှာဖုံးတွေကို ဆုတ်ဖြဲခွာချပြီး သမုဒ္ဒရာထဲကို လွှင့်ပစ်ထားတဲ့ နေရာမှာ ဝစ်လစ်စလစ် လွတ်မြောက်မှုပုံစံနဲ့ နေထိုင်သူ” လို့ ရည်ညွှန်းထားခဲ့တာပါ။ လက်ရှိမှာတော့ သူရိုက်ခဲ့တဲ့ ဓာတ်ပုံအပေါ် ရဟူဒီ တရားဟော ဘာသာရေး ဆရာတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ နေရာအပေါ် မလေးမစားပြုမူရာ ရောက်တယ်လို့ ပြောနေကြပါတယ်။ သူဟာ အစ္စရေးကို ၃ ရက်တာ လာရောက်လည်ပတ်ခဲ့ချိန်မှာ ဒီလိုပုံတွေ ရိုက်ကူးခဲ့တာဖြစ်ပြီး ဂျူးဘာသာရေးခေါင်းဆောင်တွေကတော့ ဒါကို အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်က ဒီကိစ္စနဲ့ပတ်သက်ပြီး “ဒါက အနုပညာမြောက်အောင် ပိုကောင်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တာမျိုးပါပဲ” လို့ အစ္စရေးတိုင်းမ်သတင်းကို ဖြေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီပုံတွေဟာ ပျံ့နှံ့နေပြီး မွတ်စလင်ဘာသာဝင်တွေကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပါ။ မော်ဒယ် ပါဖန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီဂျစ် ရှေးဟောင်း ဘုရားကျောင်းတခုအတွင်းမှာ ခုလိုပဲ ဝစ်လစ်စလစ်ဓာတ်ပုံ ရိုက်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသေးတယ်။
3 years Ago
Up