ဂျူး

June 13, 2018

ဂျူးအခြေချနေထိုင်သူများကို အစ္စရေးလုံခြုံရေးတပ် နှင်ထုတ်

အစ္စရေး လုံခြုံရေးတပ်တွေဟာ အိမ် ၁၅ လုံးက ဂျူးအခြေချ နေထိုင်သူတွေကို ဇွန် ၁၂ ရက်နေ့မှာ ဥပဒေအရ နှင်ထုတ်ခဲ့ပါတယ်။ ဒီအိမ်တွေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးက ပုဂ္ဂလိကပိုင် ပါလက်စတိုင်းမြေပေါ်မှာ တရားမဝင် ဆောက်ထားတဲ့ အိမ်တွေလို့ အစ္စရေး အဆင့်မြင့်ဆုံး တရားရုံးက ဆုံးဖြတ်ပါတယ်။ အစ္စရေးအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ အဲဒီ အိမ် ၁၅ လုံးကို လာမယ့် ရက်အနည်းငယ်အတွင်း ဖြိုချဖို့ တရားရုံးချုပ်က အမိန့်ထုတ်ထားပါတယ်။ အခြေချနေထိုင်မှုကို လိုလားတဲ့ ရာနဲ့ချီတဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေဟာ ဖြိုချခံရမယ့် အိမ်အတော်များများဆီကို ဇွန် ၁၂ ရက်က စုရုံးလာခဲ့ပါတယ်။ တချို့က အိမ်အမိုးပေါ်တွယ်တက်ပြီး အစ္စရေးအလံကို လွှင့်တင်ခဲ့ပါတယ်။ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် နည်းနည်းရှိခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ရဲတွေ ဆွဲခေါ်တဲ့နောက်ကို အသာတကြည် လိုက်သွားကြတာပါ။ အဖြိုခံရမယ့်အိမ်တွေက မိသားစုတွေကို လျော်ကြေးပေးပြီး အနားက ပါလက်စတိုင်းပိုင်မြေ မဟုတ်တဲ့ မြေပေါ်မှာ အိမ်ပြန်ဆောက်ပေးဖို့ စီမံကိန်းကို အစ္စရေးအစိုးရက ကြေညာခဲ့ပါတယ်။ ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း သိမ်းယူတဲ့ အနောက်ဘက်ကမ်းပါးနဲ့ တခြားမြေတွေပေါ်မှာ ဆောက်ထားတဲ့ အစ္စရေး အခြေချရပ်ကွက်အားလုံး တရားမဝင်ဘူးလို့ နိုင်ငံအများစုက ယူဆနေကြပြီး အစ္စရေးအစိုးရကတော့ ဒီအချက်ကို ငြင်းခဲ့ပါတယ်။
4 years Ago

August 10, 2015

ဓားဖြင့်ထိုးသည့် ပါလက်စတိုင်း တဦးကို အစ္စရေးစစ်တပ် ပစ်သတ် (ရုပ်သံ)

အနောက်ဘက်ကမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တခုမှာ အစ္စရေး တယောက်ကို ဓားနဲ့ထိုးတဲ့  ပါလက်စတိုင်းကို အစ္စရေးစစ်တပ်က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် အစ္စရေး အရပ်သားလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ဆေးရုံပို့ခဲ့ရတယ်လို့ စစ်တပ်ပြောခွင့်ရ အမျိုးသမီး လူဘာ ဆမ်ရီ (Luba Samri) က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဧပြီလကတည်းက ရှေ့မတိုးနိုင် ဖြစ်ခဲ့ပြီး အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ အောက်ခြေမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အရင်လတုန်းကလည်း အနောက်ဘက်ကမ်းမှာ ဂျူးတယောက်လို့ ယူဆရတဲ့ အမျိုးသားတယောက်က  ပါလက်စတိုင်းအိမ်ကို  မီးရှို့ခဲ့လို့  အသက် ၁၈ လသား ကလေးငယ်နဲ့ ဖခင်တို့ သေဆုံးပြီး မိခင်နဲ့ သားတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ကျန်ခဲ့တဲ့ တပတ်ကလည်း အရှေ့ ဂျေရုစလင်မှာ အစ္စရေးတွေ စီးလာတဲ့ ကားကို ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံရပြီး အစ္စရေး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
6 years Ago
More News
Up