ဂျူလီယန်အာဆန်

February 8, 2018

ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အာဆန် အမေရိကန်သို့ ပြန်ပို့ခံရမည့်အန္တရာယ် ရှိနေဆဲ

ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အာဆန်ဟာ အမေရိကန်ပြည်ထောင်စုဆီ ပြန်လည်ပို့ဆောင်ခံရမယ့်အန္တရာယ် ရှိနေဆဲဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောကြားလိုက်ပါတယ်။ ၂၀၁၀ ခုနှစ်က အမေရိကန်အစိုးရ အတွင်းသတင်းပေါက်ကြားမှုနဲ့ ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အာဆန်ကို ဖမ်းဆီးမိန့်ထုတ်ခဲ့ပါတယ်။ ဒီအတွက် အာဆန်ဟာ နိုင်ငံခြားကို ထွက်ပြေးခဲ့ပြီး အခုအခါ လန်ဒန်ရှိ အီကွေဒေါသံရုံးအတွင်း ခိုလှုံနေပါတယ်။ ဂျူလီယန်အာဆန်ရဲ့ ရှေ့နေဖြစ်သူက “မစ္စတာ အာဆန် လွတ်မြောက်ရေးအပေါ် ကန့်သတ်ထားတဲ့ အရာတွေကို အဆုံးသတ်ဖို့ ကျမတို့ ကြိုးပမ်းနေတာ ၇ နှစ်ရှိပါပြီ။ ဒီနေ့တော့ အမှုရဲ့နောက်ခံ၊ အီကွေဒေါသံရုံးမှာ မစ္စတာအာဆန် ဆက်လက်ခိုလှုံနေရတဲ့ မတရားမှု အကြောင်းကို ရုံးတော်မှာ တင်ပြခွင့်ရခဲ့ပါတယ်။ မစ္စတာအာဆန်ဟာ အာမခံ ချိုးဖောက်တာနဲ့ပတ်သက်လို့ ဗြိတိန်တရားစီရင်မှုကိုပဲ အလိုရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တရားမရင်ဆိုင်လိုပါဘူး။ "အခုဟာက အမှုကျူးလွန်ရာ အမေရိကန်ပြည်ထောင်စုကို ပြန်ပို့မယ့်အန္တရာယ် ဆက်ရှိနေပါတယ်။ အဲဒီအန္တရာယ် မရှိဘူးလို့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ စီအိုင်အေက ဝီကီလိခ်ကို အန္တရာယ်ရှိတဲ့ အစိုးရမဟုတ်တဲ့ သတင်းအေဂျင်စီဆိုပြီး ကြေညာထားတာပါ။ အမေရိကန် ရှေ့နေချုပ်ကလည်း ဂျူလီယန်အာဆန်ကို တရားစွဲဆိုရေးဟာ ဦးစားပေးတာဝန်ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမှုကျူးလွန်ရာနိုင်ငံကို ပြန်မပို့ပါဘူးဆိုတဲ့ အာမခံချက်ရရှိဖို့ လိုအပ်ပါတယ်” လို့ ဖေဖော်ဝါရီ ၆ ရက်နေ့က လန်ဒန်မြို့မှာ ပြောလိုက်ပါတယ်။ ကွန်ပျူတာ ပရိုဂရမ်မာတဦးဖြစ်သူ အာဆန်ဟာ ၂၀၀၆ ခုနှစ်မှာ ဝီကီလိခ် သတင်းအေဂျင်စီကို တည်ထောင်ခဲ့ပါတယ်။
4 years Ago
Up