ဂျူဗင်တပ် နောက်ခံလူ ဒန်နီအဲလ်ဗက်ကို မန်စီးတီး ခေါ်ယူရန် နီးစပ်နေ

June 21, 2017

ဂျူဗင်တပ် နောက်ခံလူ ဒန်နီအဲလ်ဗက်ကို မန်စီးတီး ခေါ်ယူရန် နီးစပ်နေ

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်နောက်ခံလူ ဒန်နီအဲလ်ဗက်ကို ၂ နှစ်စာချူပ်နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ အသက် ၃၄ နှစ်ရှိ ဘာစီလိုနာကစားသမားဟောင်း အဲလ်ဗက်စ်ဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်တနှစ် ကျန်သေးပေမယ့် သူနဲ့လက်တွဲဖူးတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကြောင့် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲလ်ဗက်ကို ခေါ်ယူဖို့ ချဲလ်ဆီးနည်းပြ ကွန်တီကလည်း ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးအသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အဲလ်ဗက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လာမယ့်တပတ်အတွင်း အပြီးသတ် စာချုပ်ချုပ်ဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ နောက်ခံအစွန်ကစားသမားတွေဖြစ်တဲ့ ဇာဘလက်တာ၊ ဆက်ဂ်နာတို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးထားတာကြောင့် ညာနောက်ခံ ကစားသမား ၂ ဦး လောက် ခေါ်ယူဖို့ ရှိပါတယ်။ မန်စီးတီးအသင်းဟာ စပါးညာနောက်ခံလူ ဝေါ်ကာကိုလည်း ပေါင်သန်း ၄၀ လောက်နဲ့ ခေါ်ယူဖို့  ချိတ်ဆက်နေပါတယ်။
5 years Ago
Up