ဂျူဗင်တပ်အသင်းက နည်းပြ အယ်လီဂရီကို ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

June 8, 2017

ဂျူဗင်တပ်အသင်းက နည်းပြ အယ်လီဂရီကို ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

အီတလီချန်ပီယံ ဂျူဗင်တပ်နည်းပြ အယ်လီဂရီကို အသင်းက နောက်ထပ် ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၄၉ နှစ်အရွယ် အီတလီနိုင်ငံသား အယ်လီဂရီဟာ ၂၀၁၄ မှာ အေစီမီလန် အသင်းနည်းပြကနေ ဂျူဗင်တပ်ကို ပြောင်းလာခဲ့ပြီး သူကိုင်တွယ်ခဲ့တဲ့ ၃ ရာသီလုံး အီတလီ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုပါဖလား ၃ လုံးနဲ့ စူပါ ကိုပါအီတာလျံဖလား ၁ လုံးကိုလည်း ယူပေးနိုင်ခဲ့တာပါ။ အယ်လီဂရီဟာ ဂျူဗင်တပ်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ်တက်အောင်လည်း စွမ်းဆောင်ထားနိုင်ပါတယ်။
4 years Ago
Up