ဂျူဗင်တပ်စ် ၁ - ၀ ဆိုဆူလို (ရုပ်သံ ဟိုက်လိုက်)

March 12, 2016

ဂျူဗင်တပ်စ် ၁ - ၀ ဆိုဆူလို (ရုပ်သံ ဟိုက်လိုက်)

မတ် ၁၂ ရက်က ကစားသွားတဲ့ အီတလီစီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်က ဆိုဆူလိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်း ၃၆ မိနစ်မှာ ဂျူဗင်တပ်စ်အသင်းက ဒီပွဲအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပေါ်လို ဒီဘာလာက သွင်းယူပါတယ်။ ဂျူဗင်တပ်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ကစား သွားနိုင်ခဲ့သလို ကန်သွင်းခွင့်တွေလည်း ဆိုဆူလိုထက် အသာစီးရခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ၃-၅-၂ ကစားပုံနဲ့ကစားပြီး ကွင်းလယ်ကို အသားစီးရယူဖို့ ကြိုးစားခဲ့တာကို ဆိုဆူလိုက ၄-၃-၃နဲ့ ကစားကွက်နဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ဒီပွဲမှာ ဆိုဆူလို ကစားသမား ၃ ဦး အ၀ါကတ်ပြခံခဲ့ရပေမယ့် ဂျူဗင်တပ်စ်ကစားသမားတွေကတော့ တဦးတယောက်မှ အ၀ါကတ်ထိခဲ့ခြင်းမရှိပါဘူး။ အမှတ်ပေးဇယားမှာတော့ ဂျူဗင်တပ်စ်အသင်းက ၂၉ ပွဲကစား ၆၇ မှတ်နဲ့ ပထမ ဆိုဆူလိုကတော့ ၂၉ ပွဲကစား ၄၄ မှတ်နဲ့ နံပါတ် ၇ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up