ဂျူဗင်တပ်စ် ဗိုလ်လုပွဲတက်မည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်

May 9, 2017

ဂျူဗင်တပ်စ် ဗိုလ်လုပွဲတက်မည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အီတလီထိပ်သီး ဂျူဗင်တပ်စ်နဲ့ ပြင်သစ်ကလပ် မိုနာကိုတို့ ဒီနေ့ည ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ဒီရာသီ ချန်ပီယံလိဂ်ခြေစွမ်းက အံ့အားသင့်စရာပါ။ အုပ်စုပွဲစဉ်တွေကစလို့ လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးသလို နောက်ဆုံး ၆ ပွဲဆက်လည်း ပေးဂိုးမရှိခဲ့ပါဘူး။ ဒီပွဲမှာလည်း ပထမအကျော့က ၂ ဂိုးပြတ်နဲ့ အနိုင်ရထားလို့ ဂျူဗင်တပ်စ်တို့ ထိန်းကစားမယ့် အခြေအနေပါ။ မိုနာကိုကတော့ ၁၆ သင်းအဆင့်ကစလို့ တပွဲ ၃ ဂိုးသွင်းခဲ့တဲ့ သူတို့တိုက်စစ်က ဂျူဗင်တပ်စ်နဲ့အတွေ့မှာ တဂိုးမှမရခဲ့တဲ့အထိ ရလဒ်ဆိုးခဲ့ရတယ်။ မိုနာကိုတိုက်စစ်မှာ ဖယ်လ်ကာအို၊ အမ်ဘာပေ၊ ဘရန်နာဒိုဆေးလ်ဗား၊ ဘိုကာရိုကိုတို့နဲ့ပဲ ပွဲထွက်ဖို့ရှိပြီး ဖောင်ဖျက်ကစားလာလိမ့်မယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ခံစစ်ကလည်း ဘာစီလိုနာလိုအသင်းကိုတောင် ဂိုးမပေးခဲ့ရတဲ့အတွက် မိုနာကို ဂိုးသွင်းဖို့ခက်လိမ့်မယ်။ မိုနာကိုက တိုက်စစ်အစွမ်းကုန်ဖွင့်မှာဖြစ်လို့ ဒိုင်ဘားလားနဲ့ ဟီဂွါအင်တို့ရဲ့ ဂျူဗင်တပ်စ်တန်ပြန်တိုက်စစ်က ပိုပြီးအလုပ်ဖြစ်ဖို့လည်း ရှိတယ်။ တူရင်မှာတော့ ဂျူဗင်တပ်စ်ပဲ ထပ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ဖို့များပါတယ်။
4 years Ago
Up