ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်

April 22, 2018

ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန် အာဂျင်တီးနားကလပ်ကို ပြောင်းရွှေ့ကစားဖွယ်ရှိ

  ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘတ်ဖွန်ဟာ လာမယ့်ရာသီမှာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီ ယာအသင်းဆီ ပြောင်းရွှေ့ကစားဖို့ရှိနေပါတယ်။ ဘိုကာဂျူနီယာနည်းပြ ရှယ်လိုတိုရဲ့အဆိုအရ ဘူဖွန်အနေနဲ့ အသင်းမှာ လာရောက်ကစားဖို့ စိတ်ဝင်စားခဲ့ပြီး အပြီးသတ်ဆွေးနွေးမှုတွေကိုတော့ ဘောလုံးရာသီကုန် ဆုံးမယ့် မေ ၂၀ ကျော်လွန်တဲ့အချိန်မှ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ဘိုကာဂျူနီယာအသင်းမှာ ဘူဖွန်ရဲ့ အသင်းဖော်ဟောင်း ကားလို့စ်တီဗက်ဇ်လည်း ပါဝင်ကစားနေပါတယ်။ ဘူဖွန်နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာလည်း လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်တဲ့ ဘူဖွန်အနေနဲ့ အသင်းပြောင်းရွှေ့မလား ကစာသမားဘကနေ အနားယူမလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up