ဂျူဗင်တပ်က ပေါ်တိုကို ၁ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး ချန်ပီယံလိဂ် ကွာတားတက်

March 15, 2017

ဂျူဗင်တပ်က ပေါ်တိုကို ၁ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

မတ် ၁၄ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ အီတလီကလပ် ဂျူဗင်တပ်က ပေါ်တူဂီကလပ် ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမအကျော့မှာတုန်းက ဂျူဗင်တပ်ကပဲ အဝေးကွင်းမှာ ၂  ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာပါ။ ဒီပွဲမှာ ဂျူဗင်တပ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ဂျူဗီအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပေါ်တိုနောက်တန်း ဖျက်ထုတ်ရင်း လက်ထိဘောဖြစ်ရာကနေ ပင်နယ်တီရပြီး အဲဒီပင်နယ်တီကို ပါလို ဒီဘာလာက သွင်းယူပေးခဲ့တာပါ။ လက်နဲ့ထိခဲ့တဲ့ ပေါ်တိုကစားသမားလည်း အထုတ်ခံခဲ့ရလို့ ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ဂျူဗင်တပ်ကပဲ ထိန်းချုပ်ကစားပြီး အနိုင်ရသွားပါတယ်။ ဂျူဗင်တပ်ဟာ နှစ်ပွဲပေါင်းရလဒ် ၃ ဂိုး ဂိုးမရှိနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
5 years Ago
Up