အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး အီကာဒီကို ခေါ်ယူဖို့ ဥရောပကလပ်အသင်းကြီးတွေက စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားက ဂျူဗင်တပ်အသင်းကိုပဲ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အီကာဒီရဲ့ ဇနီးသည် ဝန်ဒါနာရာဟာ ခင်ပွန်းဟောင်း မက်ဆီလိုပက်ဇ် နဲ့ ကလေး ၃ ဦး ရထားပြီး လက်ရှိအီကာဒီနဲ့ ကလေးငယ်နှစ်ဦး မွေးဖွားထားခဲ့ပါတယ်။
လတ်တလောမှာတော့ ဝန်ဒါဟာ ၆ ဦးမြောက် ရင်သွေးကိုလွယ်ထားခဲ့ပြီးဖြစ်လို့ အီကာဒီအနေနဲ့ ကလေးတွေအားလုံးကို အီတလီမှာသာ ကြီးပြင်းလိုနေတာကြောင့် ဂျူဗင်တပ်စ်အသင်းကိုသာ မျက်စိကျနေတာဖြစ်ပါတယ်။
အစောပိုင်းသတင်းတွေအရ ဂျူဗင်တပ်စ်အသင်းက လူငယ်ကစားသမား ဒီဘာလားနဲ့ အီကာဒီကို အလဲအလှယ်ပြုလုပ်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အင်တာမီလန်ဘက်က သဘောတူညီခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
အီကာဒီဟာ မီလန်မြို့ခံအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေသလို အင်တာမီလန်အသင်းကတော့ နည်းပြကွန်တီစိတ်ကြိုက် လူကာကူကို အရခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
အခုလိုအခြေအနေတွေကြောင့် အီကာဒီကို ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဘယ်အသင်းကိုမဆို ရောင်းထုတ်မယ့် သဘောမှာရှိနေပေမယ့် ကစားသမားကတော့ ကွင်းပြင်ပအကြောင်းအရာတွေကြောင့် ဂျုဗင်တပ်သင်းကိုသာ စိတ်ဝင်စားနေပါတယ်။
4 years Ago