ဂျိုးဟတ်၏ အနာဂတ်နှင့်ပတ်သက်၍ ရာသီကုန်မှ စကားပြောမည်ဟု မန်စီးတီးနည်းပြ ပြော

March 1, 2017

ဂျိုးဟတ်၏ အနာဂတ်နှင့်ပတ်သက်၍ ရာသီကုန်မှ စကားပြောမည်ဟု မန်စီးတီးနည်းပြ ပြော

မန်ချက်စတာစီးတီးအသင်း နည်းပြ ပက်ဂွါဒီယိုလာက ဂိုးသမား ဂျိုးဟတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒီနှစ်ရာသီမကုန်ခင်အထိ ဆုံးဖြတ်ချက်တစုံတရာ ချသွားမှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။ မန်စီးတီးဂိုးသမား ဂျိုးဟတ်ကို အီတလီကလပ် တိုရီနိုအသင်းဆီ ဒီနှစ်ရာသီအကုန် မေလအထိ အငှားချထားတာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂိုးသမားကို ပရီးမီးယားလိဂ်ကလပ် တော်တော်များများနဲ့ ဥရောပကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂျိုးဟတ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဒီနှစ်ရာသီကုန်မှ စကားပြောဆိုမှာ ဖြစ်တယ်လို့လည်း မန်စီးတီးနည်းပြက ပြောပါတယ်။ မန်စီးတီးမှာ လက်ရှိအနေနဲ့ ဂိုးသမားတွေဖြစ်တဲ့ ဘရာဗိုနဲ့ ကာဘယ်လီယိုတို့ ရှိနေပါတယ်။
5 years Ago
Up