ဂျိုးဂိတ်စ်

August 10, 2015

ကြည့်ရှုအားပေးသူ အများအပြားဖြင့် စည်ကားသည့် ဗြိတိန် အပျော်စီးမီးပုံးပျံပွဲတော် (ရုပ်သံ)

ဗြိတိန်နိုင်ငံ၊ ဘရစ်စတယ်လ်မြို့မှာ လတ်တလော ကျင်းပတဲ့ ၃၇ ကြိမ်မြောက် နိုင်ငံတကာ အပျော်စီး မီးပုံးပျံပွဲတော်ကို လာရောက်ကြည့်ရှုအားပေးသူ ထောင်ချီရှိပြီး စည်ကားနေပါတယ်။ ဥရောပမှာတော့ အပျော်စီးမီးပုံပျံပွဲတော်ဟာ အကြီးဆုံးပွဲတော်ဖြစ်ပြီး လွန်ခဲ့တဲ့ ၃၇ နှစ်ကနဲ့စာရင် ပါဝင်တဲ့ မီးပုံးပျံအလုံးရေ အတော်များပြားလာပါတယ်။ ဒီပွဲတော်မှာ ၁၉၈၇ နဲ့ ၁၉၉၀ ခုနှစ်တွေက အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဖြတ်သန်းစီးနင်းခဲ့တဲ့ Lindstrand အပျော်စီးမီးပုံးပျံ ကုမ္ပဏီက ဂျိုးဂိတ်စ် (Joe Gates) လည်း လာရောက်ပါဝင်ဆင်နွှဲခဲ့ပါတယ်။ "ဒီမီးပုံပျံတွေကို လေကြောင်းသင့်တဲ့ဘက်ကို စီးနင်းရတာဖြစ်လို့ ကိုယ်သွားချင်တဲ့ဘက်ကို သွားလို့မရပါဘူး။ အမြင့်ကိုတက်တာနဲ့ အနိမ့်ကိုဆင်းတာပဲ ထိန်းချုပ်လို့ရပေမယ့် အနိမ့်နဲ့ အမြင့်တောင်မှ လေတိုက်တဲ့လမ်းကြောင်းက မတူပါဘူး။ အဲ့ဒါကြောင့် တခြားမီးပုံးပျံတွေ ဦးတည်တဲ့ဘက်ကို ကြည့်ရတယ်။ မြေပြင်က မိုးခိုးငွေ့တွေကို ကြည့်ပြီး မီးပုံးပျံကို ထိန်းချုပ်ရတာပါ။ ပင်လယ်ထဲမှာ သုံးဘက်ရွက်နဲ့ ရွက်တိုက်ရသလိုပါပဲ။" အခုလို အပျော်စီးမီးပုံးပျံပွဲတော်ကို အာရှာမှာတော့ ဟောင်ကောင်မှာ ရံဖန်ရံခါ ကျင်းပလေ့ရှိပေမယ့် ဟောင်ကောင်မြေပြင်ပတ်ဝန်းကျင် အနေအထားဟာ အပျော်စီးမီးပုံးပျံတွေစီးဖို့ မသင့်တော်ဘူးလို့ ဂျိုးဂိတ်စ်က ပြောပြပါတယ်။
6 years Ago
Up