ဂျိုအာဖိလစ်

A d v e r t i s e m e n t With Us

June 26, 2019

ပေါ်တူဂီလူငယ် ဂျိုအာဖိလစ်ကို ခေါ်ယူနိုင်ရန် အက်သလက်တီကိုမက်ဒရစ် နီးစပ်နေ

အက်သလက်တီကိုအသင်းဟာ ​​မန်ချက်စတာနှစ်သင်းထက် လက်ဦးမှုရယူပြီး ဂျိုအာဖိလစ်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ ​ထိပ်တန်းကလပ်အသင်း အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဂျိုအာဖိလစ်ကို အင်္ဂလန်ကလပ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့က ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေတာပါ။ ဒါပေမယ့်လည်း စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်က အဲဒီနှစ်သင်းကို နောက်ကောက်ချသွားနိုင်တော့မှာဖြစ်ပြီး ဖိလစ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်နေပြီလို့ စပိန် နာမည်ကြီးသတင်းစာ မာကာက ဖော်ပြသွားပါတယ်။ အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ဂျိုအာဖိလစ်ရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၁၀၇ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်​ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီလိဂ်မှာ ၄၃ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်​။
2 years Ago

May 27, 2019

လူငယ်တိုက်စစ်မှူး ​​​​​ဂျိုအာဖိလစ်အတွက် ဘင်ဖီကာ ပြောင်း​​ရွှေ့ကြေးသတ်မှတ်

ဘင်ဖီကာအသင်းဟာ လူငယ်တိုက်စစ်မှူး ​​​​​ဂျိုအာဖိလစ်အတွက် ပြောင်း​​ရွှေ့ကြေး သတ်မှတ်လိုက်​ပါတယ်​။ ဂျိုအာဖိလစ်ဟာ အခုနှစ်ဘောလုံးရာသီ ပြည်တွင်းလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဥရောပ ထိပ်တန်းအသင်းတွေရဲ့ စောင့်ကြည့်ခြင်း ခံနေရသူ ဖြစ်ပါတယ်။ ဂျိုအာဖိလစ်ကို မန်ချက်စတာနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေကလည်း စိတ်ဝင်စားမှု ပြသနေတာကြောင့် သူ့ကိုခေါ်ယူမယ့် အသင်းတွေအနေနဲ့ ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပမာဏကို ဘင်ဖီကာအသင်းက သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘင်ဖီကာအသင်း စီမံအုပ်ချုပ်မှု ဒါရိုက်တာတဦးဖြစ်သူ အိုလီဗီယာကတော့ ဖိလစ်အတွက် ပေါင် ၈၈ သန်း ပေးမယ်ဆိုရင်တော့ သူ့ကိုရောင်းချမှာမဟုတ်​ဘဲ ပေါင် ၁၀၅ သန်း အနည်းဆုံး​ပေးမှ ​ရောင်းချဖို့ စဉ်းစားမယ်​လို့ ​ပြောကြားသွားပါတယ်​။
2 years Ago
Up