ဂျိုလီပြော

February 3, 2017

ထရမ့်၏ မွတ်စလင်ဒုက္ခသည်များကို တားမြစ်မှု အကြမ်းဖက်မှုများ ပိုတိုးလာလိမ့်မည်ဟု ဂျိုလီပြော

မွတ်စလင်နိုင်ငံ ၇ ခုက ၀င်ရောက်လာသူတွေအပေါ် တားမြစ်တဲ့ သမ္မတ ထရမ့်ရဲ့အမိန့်ဟာ ဒုက္ခသည်တွေကို ထိခိုက်နာကြင်စေပြီး အကြမ်းဖက်မှုတွေကို ပိုတိုးလာစေလိမ့်မယ်လို့ ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီက ဖေဖော်ဝါရီ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။ မင်းသမီးဂျိုလီက သမ္မတ ထရမ့်ရဲ့ နာမည်ကို တိုက်ရိုက်ထုတ်မပြောပေမယ့် “ဘာသာတရားအပေါ် ခွဲခြားဆက်ဆံတာဟာ မီးနဲ့ကစားသလို အန္တရယ်ရှိကြောင်း” New York Times သတင်းစာ အမြင်သဘောထားကဏ္ဍမှာ ပြောဆိုသွားတာဖြစ်ပါတယ်။ “အားလုံးက နိုင်ငံခြားတိုင်းပြည်တွေမှာမွေးခဲ့ပြီး အမေရိကန်နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူကြပါတယ်” လို့လည်း သူက ဆိုပါတယ်။ တိုင်းပြည်လုံခြုံအောင် ကာကွယ်ရမှာဖြစ်ပေမယ့် အဲဒီကိစ္စဟာ အချက်အလက်ပေါ်မှာပဲ အခြေခံသင့်တယ်၊ အကြောက်တရားပေါ်မှာ အခြေမခံသင့်ဘူးလို့လည်း အိန်ဂျလီနာဂျိုလီက ပြောကြားသွားပါတယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေက ဒုက္ခသည်ကလေးငယ်တွေဟာ နိုင်ငံရေးခိုလှုံခွင့်ရနိုင်တဲ့ အနေအထားရှိရင် အမေရိကန်ပြည်ထောင်စုကို လာဖို့ အခွင့်အရေးအမြဲရှိသင့်တယ်လို့ အိန်ဂျလီနာ ဂျိုလီက ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up