ဂျိုလီ

June 9, 2019

ကုလအထူးသံတမန် ဂျိုလီ ဗင်နီဇွဲလားနယ်စပ်က ဒုက္ခသည်စခန်းကို သွားရောက်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြိး (UNHCR)  အထူးသံတမန် အိန်ဂျလီနာ ဂျိုလီဟာ ဇွန် ၇ ရက်နေ့က ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွင်း စီးပွားရေးနဲ့ လူသားချင်းစာနာမှု ပြဿနာတွေကြောင့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူ ၄ သန်း နိုင်ငံကနေ ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာပြီးနောက် အထူးသံတမန် ဂျိုလီဟာ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တာပါ။ မကြာသေးခင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုလံဘီယာဟာ ဗင်နီဇွဲလား ဒုက္ခသည် အများစု  ၁ ဒသမ ၃ သန်း ကို လက်ခံထားပြီး သူ့နောက်မှာတော့ ပီရူး၊ ချီလီ အီကွေဒေါ၊ ဘရာဇီင်္း နဲ့ အာဂျင်တီးနား နိုင်ငံတို့က ဒုက္ခသည်တွေကို လက်ခံထားပါတယ်။ ဂျိုလီဟာ  ဒုက္ခသည်တွေနဲ့အတူ စကားပြောဆိုခဲ့ပြီး ဒုက္ခသည်တွေရဲ့ စကားသံတွေကို နားထောင်ခဲ့ပါတယ်။ ဇွန်လ ၇ ရက်နေ့က ဗင်နီဇွဲလား သမ္မတ မာဒူရိုဟာ နယ်စပ် တစိတ်တဒေကို ပြန်ဖွင့်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနယ်စပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဗင်နီဇွဲလားအစိုးရက ပိတ်ခဲ့တာပါ။ အဲဒီလို ပိတ်လိုက်တဲ့အတွက် နယ်စပ်မြို့တွေမှာ စီးပွားရေးပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်  ဗင်နီဇွဲလား နိုင်ငံသားတွေဟာ ကြံရာမရဖြစ်တာနဲ့ နယ်စပ်လမ်းတွေကို ထိန်းချုပ်တဲ့ ဒုစရိုက်သမားတွေကို အခကြေးငွေပေးပြိး တရားမ၀င် ဖြတ်သန်းတာတွေ လုပ်ကြတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

August 9, 2018

ကလေးထောက်ပံ့ကြေး ပျက်ကွက်ဟု ဂျိုလီ၏ ပြောကြားချက် ဘရက်ပစ် ရှေ့နေအဖွဲ့ တုံ့ပြန်

ကလေးတွေကို ထောက်ပံ့ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ဂျိုလီရဲ့ ပြောကြားချက်တွေကို မင်းသားဘရက်ပစ်ရဲ့ ရှေ့နေအဖွဲ့က ပြန်လည်တုံ့ပြန် ပြောကြားလိုက်ပါတယ်။ တရားရုံးကို တင်ပြချက်ထဲမှာတော့ ဘရက်ပစ်ဟာ ကုန်ကျစရိတ်တွေအတွက် ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ပေးခဲ့သလို ဂျိုလီ အိမ်ဝယ်ဖို့ ဒေါ်လာ ၈ သန်း ချေးခဲ့တယ်လို့ ပါရှိပါတယ်။ အဲဒီမတိုင်ခင်က ၂ဝ၁၆ ခုနှစ်မှာ ကွာရှင်းပြတ်ဆဲဖို့ လုပ်ပြီးကတည်းက ဘရက်ပစ်ဟာ ကလေးတွေကို ပြည့်ပြည့်စုံစုံ ထောက်ပံ့ခဲ့တာမျိုး မရှိဘူးလို့ ဂျိုလီရဲ့ရှေ့နေက ပြောထားတာပါ။ ဘရက်ပစ်ရဲ့ ရှေ့နေတွေကတော့ ကလေးတွေကို ထောက်ပံ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျိုလီရဲ့ ပြောဆိုမှုတွေဟာ မီဒီယာတွေမှာ ဖော်ပြမှုကို ခြယ်လှယ်ချင်လို့ လုပ်ခဲ့တာလို့ ပြောပါတယ်။ ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ ၂ဝဝ၅ ခုနှစ်ကတည်းက အတူနေခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။
3 years Ago
Up