ဂျိုချင်လိုး

July 4, 2018

ဂျာမနီနည်းပြအဖြစ် ဆက်ရှိနေမည်ဟု ဂျိုချင်လိုး ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဂျာမနီအသင်း ထွက်ခဲ့ရပေမယ့်လည်း နည်းပြအဖြစ် ဆက်ရှိနေမယ်လို့ နည်းပြ ဂျိုချင်လိုးက ပြောပါတယ်။ ဂျာမနီအသင်း အုပ်စုအဆင့်ကနေ ထွက်ရလို့ နည်းပြအဖွဲ့ နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ ရှိနေချိန်မှာ ဂျိုချင်လိုးက ပြောဆိုလိုက်တာပါ။ သူ့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ရှိနေပါတယ်။ နည်းပြကတော့ အသင်းကို အချိန်ယူပြီး ပြန်လည်တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။ အသက် ၅၈ နှစ်အရွယ် နည်းပြ ဂျိုချင်လိုးဟာ ဂျာမနီကို ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အာင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျာမနီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၄ ကြိမ်စလုံးမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိချန်ပီယံ ဂျာမနီဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ တောင်ကိုရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒါဟာ ဂျာမနီအတွက် ၁၉၃၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
3 years Ago
Up