မနေ့က ယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးခြင်း ဆီမီးဖိုင်နယ်မှာ နိုဗက် ဂျိုကိုဗစ်က နာမည်ကြီး ရာဖယ်နဒါးကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
နာမည်ကြီး တင်းနစ်သမား နှစ်ယောက် ဆုံတာဖြစ်လို့ အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ဂျိုကိုဗစ်က အပြန်အလှန် အကွက်ချ ရိုက်ချက်တွေမှာ အသာစီးယူနိုင်ခဲ့ပါတယ်။ လက်ရည်မကွာတဲ့ နှစ်ယောက်တွေ့တာဖြစ်လို့ ၅ ပွဲ အပြည့် ရိုက်ခဲ့ပြီး ၅ နာရီနဲ့ ၁၆ မိနစ်ကြာ ရိုက်ခဲ့ပါတယ်။
ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဒုတိယအကြာဆုံး ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ၅ ကြိမ်မြောက်အဖြစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။
ဒီပွဲနိုင်လို့ ဂျိုကိုဗစ်ဟာ ၂ဝ၁၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂရန်းစလန်းဆုဖလားရဖို့ နီးစပ်သွားပါတယ်။
3 years Ago