ဂျုဗင်တပ်

April 21, 2019

ဂျုဗင်တပ်အသင်း အီတလီစီးရီးအေ ချန်ပီယံဆုကို ၈ နှစ်ဆက် ဆွတ်ခူး

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ ဂျုဗင်တပ်က ဖီအိုရင်တီးနားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး စီးရီးအေ ချန်ပီယံဆုကို ၈ နှစ်ဆက်တိုက် ဆွတ်ခူးသွားပါတယ်။ ဒီပွဲမှာ ဖီအိုရင်တီးနားက ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာ သွင်းယူခဲ့ပြီး ဂျုဗင်တပ်အသင်း နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဂျုဗီအတွက် ချေပဂိုးကို ၃၇ မိနစ်မှာ ဆေးဗား၊ အနိုင်ဂိုးကို ၅၃ မိနစ်မှာ တဖက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းရာကနေ ရသွားတာပါ။ ပွဲအပြီးမှာ တိုက်စစ်မှူး ရော်နယ်ဒိုက ပထမရာသီမှာပဲ ဂျုဗင်တပ်နဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်လို့ အရမ်းပျော်ရွှင်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဂျုဗင်တပ်အသင်းမှာပဲ သေချာပေါက် ဆက်နေသွားမယ်လို့ ဆိုထားပါတယ်။ ဂျုဗင်တပ်ဟာ ၃၃ ပွဲ ကစားပြီးမှာ ၈၇ မှတ် ရပြီး ဒုတိယနေရာက နာပိုလီကို အမှတ် ၂၀ ဖြတ်ပြီး ချန်ပီယံ ဖြစ်သွားတာပါ။ အခုရတဲ့ စီးရီးအေ ချန်ပီယံဆုဟာ ဂျုဗင်တပ်အတွက် သမိုင်းတလျှောက် ၃၅ ကြိမ်မြောက်ရတဲ့ ဆုလည်း ဖြစ်ပါတယ်။
2 years Ago
Up