ဂျီးဆပ်

March 29, 2018

တိုက်စစ်မှူး ဂျီးဆပ် မန်စီးတီးနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကြန့်ကြာနေ

ဘရာဇီး လူငယ်တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်ဟာ မန်စီးတီးအသင်းနဲ့ လစာကိစ္စဆွေးနွေးမှု အဆင်မပြေသေးတာကြောင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ကြန့်ကြာနေပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိ တပတ်လုပ်ခ ပေါင်ခြောက်သောင်းခွဲလောက် ရနေတဲ့ ဂျီးဆပ်ကို ပေါင်ကိုးသောင်းတိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာပါ။ ဂျီးဆပ်ရဲ့ အေးဂျင့်က လက်ရှိ ကစားသမားဖြစ်သူရဲ့ ခြေစွမ်းအရ တပတ်လုပ်ခ ပေါင်တသိန်း အနည်းဆုံးပေးဖို့ ဆန္ဒရှိနေတာကြောင့် သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတာပါ။ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဂျီးဆပ်ကို လာမယ့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ အသက် ၂၀ ပဲရှိသေးတဲ့ ဘရာဇီးလက်ရွေးစင် ဂျီးဆပ်ဟာ ဂျာမနီကို အနိုင်ရတဲ့ ခြေစမ်းပွဲမှာ တလုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
3 years Ago

February 16, 2017

မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ် ၃ လခန့် အနားယူရမည်

မန်စီးတီး လူငယ်တိုက်စစ်မှူး ဂါဘရီယယ် ဂျီးဆပ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ၃ လလောက် အနားယူရမှာဖြစ်လို့ ရာသီကုန်အထိ ပွဲထွက်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၁၉ နှစ်ရှိ ဂျီးဆပ်ဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ် ၁၅ မိနစ်မှာပဲ ညာဘက် ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် အဂူရိုနဲ့ လူစားလဲခဲ့ရတာပါ။ သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဆေးစစ်မှုခံယူအပြီးမှာတော့ ခွဲစိတ်ကုသရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်ဟာ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဘရာဇီးကလပ် ပေါလ်မီးယားယက်စ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတာပါ။ သူဟာ မန်စီးတီးအတွက် စတင်ပွဲထွက် ကစားခဲ့တဲ့ ၅ ပွဲမှာပဲ ၃ ဂိုး သွင်းယူထားပါတယ်။ ဂါဘရီယယ်ဂျီးဆပ် ဒဏ်ရာရသွားတဲ့အတွက် အရန်ခုံမှာ ထိုင်နေရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုအတွက်တော့ ပုံမှန်ပွဲထွက်ခွင့် ပြန်ရလာဖို့ ရှိနေပါတယ်။
4 years Ago
Up