ဂျီးဆက်

February 6, 2017

ဂျီးဆက်၏ သွင်းဂိုး ၂ ဂိုးဖြင့် မန်စီးတီးက ဆွမ်ဆီးကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၅ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက တိုက်စစ်မှူး ဂျီးဆက်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဆွမ်ဆီးကို အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာပဲ ဂျီးဆက်က သွင်းယူပါတယ်။ အိမ်ကွင်းမှာကစားတဲ့ ဒီပွဲမှာ မန်စီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ၁၇ ကြိမ်အထိ ရခဲ့ပါတယ်။ ဆွမ်ဆီးက ဒုတိယပိုင်း မိနစ် ၈၀ လောက်အထိ ဂိုးမပေးရအောင် တောင့်ခံ ကစားသွားနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မန်စီးတီးက အဓိက ကစားသမား ၃ ယောက်အထိ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဆွမ်ဆီးအတွက် ချေပဂိုးကို ၈၁ မိနစ်မှာ ဆီဂတ်ဆန်က သွင်းယူပါတယ်။ တဂိုးစီနဲ့ သရေကျတော့မလို ဖြစ်နေတုန်း ၉၂ မိနစ်မှာ မန်စီးတီးအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဂျီးဆက်ကပဲ သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ခြေစွမ်းပြကစားသွားတဲ့ ဂျီးဆက်ကပဲ ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၄၉ မှတ်နဲ့ အဆင့် ၃ ကို တက်လှမ်းနိုင်ပြီး ဆွမ်ဆီးကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up