ဂျီလာဗစ်

February 17, 2016

ဝက်စ်ဟမ်းတိုက်စစ်မှူး ဂျီလာဗစ် တရုတ် ဒုတိယတန်းကလပ်ကို ပြောင်း

ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး နီကီကာ ဂျီလာဗစ်ဟာ တရုတ် ဒုတိယတန်း ဘောလုံးကလပ် ဘေဂျင်း ရန်ဟီကို ပြောင်းရွှေ့သွားပါတယ်။ တရုတ်ကလပ်က ဂျီလာဗစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂ သန်းနဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီထဲ နည်းပြသစ် ဘီလစ် လက်ထက်မှာ ပွဲထွက်ကစားခွင့် ၁ ပွဲပဲ ရထားပါတယ်။ သူဟာ ချဲလ်ဆီး ကွင်းလယ်လူ ရာမီရက်စ်၊ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး မာတီနက်တို့ပြီးရင် တရုတ်ကလပ်တွေကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ခရိုအေးရှား တိုက်စစ်မှူး ဂျီလာဗစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဟားစီးတီးကနေ ပေါင် ၃ သန်းနဲ့ ၀က်စ်ဟမ်းကို ရောက်ရှိလာတာပါ။ သူဟာ အဲဒီရာသီမှာ ၁၂ ပွဲ ကစားခွင့်ရပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
6 years Ago
Up