မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှူး ဂါဘီရယ် ဂျီဆုကို စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
စာချုပ်သစ်ကြောင့် တိုက်စစ်မှူးဟာ မန်စီးတီးမှာ ၂၀၂၃ အထိ ရှိနေမှာပါ။
အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘရာဇီးကလပ် ပါမေးရပ်စ်အသင်းကနေ မန်စီးတီးကို ၂၀၁၇ မှာ ရောက်ရှိလာတာပါ။
သူဟာ မန်စီးတီးအတွက် ဂိုးပေါင်း ၁၇ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာပေါင်ဖလားတွေ ရအောင် ကူညီနိုင်ခဲ့ပါတယ်။
တိုက်စစ်မှူး ဂျီဆုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းအတွက် ပွဲတိုင်း ကစားခွင့် ရထားပါတယ်။
5 years Ago