ဂျိုးလ်ဂိုမက်ဇ်

August 27, 2018

လီဗာပူးနောက်ခံလူ ဂျိုးလ်ဂိုမက်ဇ်ကို အင်္ဂလန်အသင်းတွင် ပြန်ရွေးမည်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ လီဗာပူးနောက်ခံလူ ဂျိုးလ်ဂိုမက်ဇ်ကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်မယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ နောက်ခံလူ ဂျိုးလ်ဂိုမက်ဇ်ဟာ လီဗာပူးအသင်းမှာ ခြေစွမ်းပြနေတာပါ။ ဗဟိုခံစစ်ကစားသမားတဦးအနေနဲ့ ဗန်ဒိုက်နဲ့အတူ အတွဲအဖက်မိနေပြီး ပရီးမီးယားလိဂ် သုံးပွဲမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားပါတယ်။ ဂိုမက်ဇ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပေမယ့် ပွဲမတိုင်ခင်မှာ ဒဏ်ရာရသွားလို့ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ လူငယ်ကစားသမားတွေကိုပဲ ဆက်ပြီး ရွေးချယ်ဖို့ ရှိနေပြီး မန်စီးတီးက ဖီးလ်ဖိုဒမ်၊ ဖူဟမ်က ဆက်ဆနွန်၊ ဒေါ့မွန်က ဆန်ချိုနဲ့ ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်တို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာ ၈ ရက်မှာ စပိန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ရှိသလို ဆွစ်ဇာလန်နဲ့လည်း ခြေစမ်းကစားဖို့ စီစဉ်ထားပါတယ်။
3 years Ago
Up