ဂျာမန်ရေပေါ်လျှောစီးသူ

A d v e r t i s e m e n t With Us

June 25, 2019

ဂျာမန် ရေပေါ်လျှောစီးချန်ပီယံ ဘန်ကောက်မြို့တွင် အစွမ်းပြ လျှောစီးနေသည့်ရုပ်သံ ဖြန့်ချိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ မြို့ဟောင်း ထွန်ဘူရီဘက်က ကျဉ်းမြောင်းတဲ့ ရေကြောင်းလမ်းတွေနဲ့ ရေပေါ်ဈေးတို့ကို ဂျာမန် ရေပေါ်လျှောစီးသူ ဒိုမစ်နစ်ခ် ဂွါးစ်က လျှောက်သွား ကြည့်ရှုနေပုံ ရုပ်သံကို ရက်ဒ်ဘူးလ် အားဖြည့်အချိုရည်လုပ်ငန်းက ဇွန်လ ၂၄ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ နှစ်ကျော့ပြန် ကမ္ဘာ့ချန်ပီယံဟာ ဘန်ကောက်မြို့တော်က တံတားတွေ ရေတံခါးတွေကိုပါ ခုန်ကျော်ပြီးတမျိုး၊ ငုပ်လျှိုးပြီးတဖုံ အစွမ်းပြ လျှောစီးနေတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။ ဒီလိုနေရာမှာ ပထမဆုံး ရေပေါ်လျှောစီးသူ ဖြစ်ချင်တဲ့ သူ့အိပ်မက် အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ ဂွါးစ်က ပြောပါတယ်။ သူဟာ ထိုင်းနိုင်ငံထဲမှာ ဆောင်းရာသီ လေ့ကျင့်ခန်း ဆင်းနေတာပါ။ ဒီရုပ်သံဖိုင်ဟာ ဘန်ကောက်ကို ရှာဖွေခြင်းလို့ ခေါ်တဲ့ ရုပ်သံအစီအစဉ် ၃ ပိုင်းတွဲရဲ့ အစိတ်အပိုင်းလည်းဖြစ်ပြီး သူဟာ အစားအသောက်တွေ၊ အားကစားနဲ့ ယဉ်ကျေးမှု အခြေအနေတွေကို သွားလာ စူးစမ်းထားပါတယ်။
2 years Ago
Up