ဂျာမန်သတင်းထောက်

February 23, 2019

ဂျာမန်သတင်းထောက်များကို ရိုက်နှက်မှုဖြင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁၁ ဦးကို ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ သတင်းသွားယူခဲ့တဲ့ ဂျာမန် သတင်းထောက်တွေကို ရိုက်နှက်မှုနဲ့ ဒုက္ခသည်​ ၁၁ ဦးကို ဘင်္ဂလားဒ်ေရှ်ရဲက  ဖမ်းဆီးထားပြီး ပါဝင်သူတွေကို ဆက်​လက်​စုံစမ်းဖော်ထုတ်အရေးယူဖို့ ရဲတပ်ဖွဲ့အား ညွှန်ကြားထားတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းမှာရှိတဲ့ ကုတုပါလောင် ဒုက္ခသည်စခန်းကို သတင်းလာယူတဲ့ ဂျာမန်သတင်းထောက်တွေကို ဒုက္ခသည်တချို့က ရိုက်နှက်ခဲ့ပြီး ကားကိုလည်း ဖျက်ဆီးခဲ့တဲ့အတွက်   သတင်းထောက် ၃ ဦးနဲ့ သူတို့ရဲ့ စကားပြန်၊ ကားဒရိုင်ဘာတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဂျာမန် သတင်းထောက်တွေဟာ ဒုက္ခသည် မိသားစုအတွက် အ၀တ်အစားပေးဖို့ လာဝယ်စဉ်မှာ သူတို့တွေကို ကလေးလူကုန်ကူးမယ့်သူတွေလို့ ထင်မှတ်ပြီး အရိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ၀င်ရောက်ဖျန်ဖြေပြီး အကာအကွယ်ပေးဖို့ လာတဲ့ အူကီးယား ယာယီရဲစခန်းမှူးအပြင် ရဲတပ်သားအချို့လည်း အနာတရ ဖြစ်ခဲ့ပါတယ်။ သတင်းထောက်တွေရဲ့ နိုင်ငံကူးလက်မှတ်နှင့် အခြားပစ္စည်းတွေကိုလည်း လုယူခဲ့ကြပါတယ်။ ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေကို ပြန်ရအောင် ကြိုးစားနေတယ်လို့ အူးခီးယား ရဲဌာန တာဝန်ကျအရာရှိက သတင်းဌာနကို  ပြောကြားထားပါတယ်​။
2 years Ago
Up