မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ လိုက်ဇစ်အသင်းဟာ အိမ်ကွင်းမှာ ဟာသာဘာလင်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲ တွေ့သွားပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ဟာသာဘာလင်အသင်းက စတင်သွင်းယူပါတယ်။ ၇ မိနစ်လောက်မှာ ဟာသာဘာလင်က တယောက်အထုတ်ခံလိုက်ရပြီး ဒုတိယဂိုးကို ၃၁ မိနစ်မှာ ကာလူးက ခေါင်းတိုက် သွင်းယူပါတယ်။
လိုက်ဇစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ပထမ ချေပဂိုးကို ၆၈ မိနစ် အော်ဘန်က သွင်းယူပါတယ်။ တယောက်လျော့ လိုက်ဇစ်အတွက် ဒုတိယ ချေပဂိုးကို မိနစ် ၉၀ မှာ သွင်းယူပေမယ့် အရှုံးပေးလိုက်ရပါတယ်။
ဒီပွဲရှုံးလို့ လိုက်ဇစ်က ၂၈ မှတ်နဲ့ အဆင့် ၅ နေရာကို လျောကျသွားပြီး ဇယားထိပ်က ဘိုင်ယန်မြူးနစ်နဲ့ ၁၃ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ဟာသာဘာလင်ကတော့ ၂၄ မှတ်နဲ့ အဆင့် ၁၀ ကို တက်လှမ်းသွားပါတယ်။
3 years Ago