ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ် ဟမ်းဘတ် ၂ - ၀ ဟာသာဘာလင်

A d v e r t i s e m e n t With Us

March 7, 2016

ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ် ဟမ်းဘတ် ၂ - ၀ ဟာသာဘာလင် (ရုပ်သံဟိုက်လိုက်)

မတ် ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဟမ်းဘတ်က ဟာသာဘာလင်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဟမ်းဘတ်ဟာ ဒီနှစ်ရာသီထဲမှာ ရုန်းကန်နေရတာပါ။ ဟမ်းဘတ်အတွက် ဦးဆောင်ဂိုးကို ၅၈ မိနစ်မှာ မူလာက သွင်းယူပါတယ်။ ဟမ်းဘတ်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း  ပိုရခဲ့ပါတယ်။ ဟာသာဘာလင်အသင်း ဒီပွဲမှာ တဘက်တိုက်စစ်ကို မတားဆီးနိုင်ဘဲ နောက်တန်းမှာလည်း အမှားအယွင်း များခဲ့ပါတယ်။ ဟမ်းဘတ်အတွက် ဒုတိယဂိုးကို ၇၅ မိနစ်မှာ မူလာကပဲ သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ ဟမ်းဘတ်က ၃၁ မှတ်နဲ့ အဆင့် ၁၀ မှာ ရှိနေပြီး ဟာသာဘာလင်က ၄၂ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up